ချမ်းအေးတဲ့ ဒီဆောင်းရက်တွေထဲမှာ
“မင်းရောက်လာလိမ့်မယ်”ဆိုတဲ့
မျှော်လင့်ချက်တစ်ခုအတွက်နဲ့
ငါဟာ အချိန်တွေကို အလဟသ ကုန်ဆုံးစေခဲ့တယ်.....
မင်းမသိခဲ့ဘူးဆိုပေမယ့်
နှင်းစက်ကလေးတွေတော့ သိမှာပါ။
ချမ်းအေးတဲ့ မိုးနှင်းတွေကြားမှာ
ကောင်းကင်ကြီးကို မော့ကြည့်လိုက်စမ်းပါ.... ချစ်သူ
သူတို့တွေသာ စကားပြောတတ်မယ်ဆိုရင်လေ
ငါ့မျက်ရည်တွေကို မင်းမြင်နိုင်အောင်
ငိုကြွင်းကြမလား မသိဘူးနော်........။
နှင်းတောတွေကို ငါဖြတ်သွားတိုင်း
ခြေရာတွေကိုမြင်ရင် ငါတုန်လှုပ်မိတယ်
သူတို့လေးတွေက ငါ့ကိုမေးတယ်
“မင်းချစ်သူ မပါသေးဘူးလား”တဲ့
မင်းနဲ့အတူ လျှောက်ခဲ့ဖူးတဲ့ ဒီလမ်းတွေကို
မင်းမေ့သွားခဲ့ပြီလားဆိုတာ မသေချာပေမယ့်
ငါနဲ့ သူတို့ကတော့ မင်းကို သတိရနေဆဲပါပဲ......။
နောက်နှစ်ကူးတော့မယ့် ဒီဆောင်းမှာလည်း
“ပြန်လာခဲ့ပါ့မယ်”ဆိုတဲ့
မင်းရဲ့စကားတွေကို ယုံကြည်နေရဦးမှာလား.... ချစ်သူ။
ပလီပလာ အသုံးအနှုန်း
တီတီတာတာ စာစီကုံးပြီးတော့များ
ငါ့အသဲတွေကို မင်းအလစ်သုတ်သွားတာလား.....။
ရူးမတတ်အောင် ခံစားခဲ့ရတဲ့ ဒါဏ်ရာတွေ
ချုပ်ရာတွေထပ်နေတဲ့ ငါ့ရင်အစုံကို
မျက်ရည်တွေနဲ့တစ်လှည့် နှင်းစက်တွေနဲ့တစ်ခါ
ဆက်ပြီးတော့ပဲ ကုစားနေရဦးမယ့် ငါ့ရဲ့အဖြစ်
ဥပေက္ခာမပြု တစ်ချက်ကလေးပဲဖြစ်ဖြစ်
2 comments:
friends! di ka byar lay ka a yan kg tel...thanks par fri yar... friends kabyar tway a myar gyi satt naing par say naw...... a lel lar twar thu friend..
nge..
did you write this poem intentionally? for who?
really nice with tender words!!!
i can take an empathy your feelings..
ko gyi.
Post a Comment