ကန့်ကွက်မဲပေး.... ဒို့သွေးကြွေး

Wednesday, April 30, 2008

ဒို့ရိုသေလေးစားတန်ဖိုးထားတဲ့ သံဃာတော်တွေကို မင်းတို့သတ်ခဲ့တယ်။
မင်းတို့ရဲ့မိဘတွေဖြစ်တဲ့ ပြည်သူတွေရဲ့သွေးတွေနဲ့ ခြေဆေးခဲ့တယ်။
မိဘတိုင်းရဲ့ ရင်နှစ်သည်းခြာဖြစ်တဲ့ ကျောင်းသားတွေကိုလည်း မင်းတို့သတ်ခဲ့တယ်။
ဒို့ပြည်သူတွေအကုန်လုံး မင်းတို့ကို ဘယ်လောက်ပက်ပက်စက်စက် ရွံ့မုန်းတယ်ဆိုတာ ကမ္ဘာကသိစေရမယ်။
ကန့်ကွက်မဲသည် တို့ရဲ့လက်နက်ပဲဖြစ်တယ်။
သန်း(၅၀)ကျော် ပြည်သူတွေဟာ ဒို့ရဲ့လူတွေပဲ.....
လက်တွဲညီညီ မဲရုံဆီသို့ ကန့်ကွက်မဲပေး ပြည်သူ့အရေး သွေးကြွေးဆပ်ခွင့်ကြုံပြီဟေ့.........

လူထုဆန္ဒခံယူပွဲနှင့်ပတ်သက်သော သဘောထား




နအဖပြုလုပ်မယ့် မေ(၁၀) လူထုဆန္ဒခံယူပွဲဟာ သူ(၁၄)နှစ်ကြာရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)ကို အတည်ပြုပြီး တရားဝင်အစိုးရတက်လုပ်ချင်လို့ပဲဖြစ်တယ်။ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် (နအဖ)စစ်အစိုးရက တစ်ဖက်သတ် သူ့စိတ်ကြိုက်လူတွေကို ရွေးပြီး ရေးဆွဲခဲ့တာဖြစ်တယ်။ ပြည်သူတွေရဲ့ Mandate ရထားတဲ့ အနိုင်ရပါတီတွေလည်း ၀င်ဆွဲခွင့်မရှိခဲ့ဘူး။ ဒီ အနေအထားမှာ နအဖရဲ့ဒီ Constitution က ကျမတို့အားလုံးကို ကိုယ်စားမပြုဘူးလို့ ကျမအနေနဲ့ ယုံကြည် တယ်။

(နအဖ)စစ်အစိုးရ ရေးဆွဲထားတဲ့ Constitution ဟာ ကျမတို့ပြည်သူတွေအတွက် ဘာအာမခံ ချက်မှမရှိပဲ သူတို့ ဆက်လက်အာဏာတည်ရှိနေဖို့ အတွက်ပဲဖြစ်နေတာကြောင့် ပြည်တွင်းပြည်ပ အင်အားစုတွေ အားလုံးက ကန့်ကွက်မဲပေးကြဖို့ တညီတညွှတ်တည်းရှိနေကြတယ်။ အခုအခြေအနေပေးတာကလည်း မဲရုံကိုသွားပြီး ကန့်ကွက်မဲတွေပေးကြဖို့၊ ကျမတို့ရဲ့ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ပြသဖို့ပဲဖြစ်တယ်။ ဒါ့ကြောင့် ဒီ Constitution ကို ပြတ်ပြတ်သားသား ကန့်ကွက်ဖို့ ကျမတို့အားလုံးမှာ တာဝန်ရှိတယ်။

ဒီအချိန်ဟာ ကျမတို့အားလုံးအတွက် အရမ်းကိုအရေးကြီးပါတယ်။ ကျမတို့အတွက် ကြီးမားတဲ့ အလှည့် အပြောင်းတစ်ခုလို့ပြောမယ်ဆိုရင်လည်းရပါတယ်။ ကျမတို့ နှစ်(၂၀)လုံးလုံး ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ ဒီတစ်ကြိမ်မှာလည်း စစ်အစိုးရက သူအနိုင်ရရေးအတွက် ဘယ်လိုညစ်ပတ်အကြမ်းဖက်မှုမျိုးကိုမဆို သူအသုံးပြု ဦးမှာပါပဲ။ ဒါပေမယ့် ကျမတို့က ကျမတို့ပြည်သူတွေရဲ့စုပေါင်းအင်အား People Power နဲ့ ဒီစစ်အစိုးရကို သမိုင်း အစဉ်အဆက်က အနိုင်ယူခဲ့သလိုမျိုး ဒီတစ်ကြိမ်လည်း အနိုင်ရလိမ့်ဦးမယ်လို့ မျှော်လင့်ပါတယ်။

(နအဖ)စစ်အစိုးဘက်က ပြတ်ပြတ်သားသား အနိုင်ရစရာမရှိဘူးလို့ ကျမအနေနဲ့တော့ ယူဆပါတယ်။ ဒါကြောင့် အခုကတည်းက နည်းလမ်းပေါင်းစုံနဲ့ ညစ်ပတ်နေတာ၊ ခြိမ်းခြောက်နေတာ၊ အကြမ်းဖက်နေတာ ဖြစ်တယ်။ အကယ်၍ သူနိုင်တယ်ဆိုရင်လည်း မတရားတဲ့နည်းနဲ့နိုင်တာသာဖြစ်လိမ့်မယ်။ ဒါ့ကြောင့် ပြင်းထန်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်ပြီးဖြစ်လာဦးမှာပဲ။ အခု ကန့်ကွက်မဲပေးတဲ့လှုပ်ရှားမှုဟာ အဓိကအားဖြင့် ပြည်သူ တစ်ရပ်လုံးကို နိုင်ငံရေးလှုပ်ရှားမှုထဲဆွဲခေါ်ရတာမို့ လူထုနိုးကြားမှု၊ စိတ်ဝင်စားမှုတွေရှိလာတယ်။ ဒါဟာ ကောင်းတဲ့အချက်ဖြစ်တယ်။ ဒီအတွက် ပြည်သူတွေဘက်က မရှုံးနိုင်ပါဘူး။

သူတို့ဘက်က ဒီလောက်ညစ်ပတ်ပြီး ခြိမ်းခြောက်နေတာတောင် ပြည်သူတွေဘက်ကနိုင်သွားရင် သူ့ရဲ့ လမ်းပြမြေပုံပျက်သွားမယ်။ ဒါဟာ ကျမတို့အတွက် အရေးကြီးတဲ့တိုက်ပွဲဖြစ်တယ်။ အရေးပါတဲ့ အောင်ပွဲဖြစ် တယ်။ ဒါပေမယ့် ကျမတို့အားလုံးသိထားဖို့က ဒီလူထုဆန္ဒခံယူပွဲဟာ ကျမတို့ရဲ့နောက်ဆုံးတိုက်ပွဲမဟုတ်ပါဘူး။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ပြင်ဆင်ထားစရာတွေ အများကြီးရှိနေတယ်။ ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် အာဏာရှင်တွေရဲ့နောက်ဆုံးနည်းလမ်းဟာ အကြမ်းဖက်တာသာဖြစ်တဲ့အတွက် နည်းလမ်းပေါင်းစုံနဲ့ ပြင်ဆင်ထားသင့်ပါတယ်။

အချစ်ဆုံးမို့လို့ပါ……

Sunday, April 27, 2008


အသဲကိုမင်းခွဲလည်း ကိုယ်ခွင့်ပြုမယ်
ပန်းကလေးလို မင်းခြွေသွားလည်း
မခူးခင်က ညွှတ်နေတဲ့ကိုယ့်အတွက် မင်းကိုခွင့်လွတ်မယ်
မင်းက ကိုယ့်ရဲ့ အချစ်ဆုံးမို့လို့ပါ……….။

မုသားစကားတွေ မင်းသုံးလည်း ကိုယ်ယုံကြည်ပေးပါ့မယ်
မင်းပြောတဲ့ အမှန်စကားတွေကြောင့်
ကိုယ်နာကျင်ရလည်း မင်းကိုနားလည်ပေးပါ့မယ်
မင်းက ကိုယ့်ရဲ့ အချစ်ဆုံးမို့လို့ပါ……….။

နောက်တစ်ယောက်နဲ့ မင်းတွဲလည်း ကိုယ်ခွင့်ပြုမယ်
လမ်းခွဲစကားမပြောပဲ မင်းထားခဲ့မယ်ဆိုရင်လည်း
မင်းဆန္ဒအတိုင်း တိတ်ဆိတ်စွာနဲ့ ကိုယ်နေခဲ့ပေးပါ့မယ်
မင်းက ကိုယ့်ရဲ့ အချစ်ဆုံးမို့လို့ပါ……….။

ဒီချစ်ခြင်းတွေမှာ နူးညံ့မှုတွေရှိတယ်
မင်းကို အရှုံးပေးဖို့လည်း အဆင့်သင့်ပဲ.... ချစ်ဆုံးသူရေ
ကိုယ့်အသဲနှလုံးက မင်းကိုပေးဆပ်ဖို့အတွက်များ ဖြစ်တည်လာခဲ့တာလား....။

Monster Hunt

Sunday, April 20, 2008

ကဲ........ ခဏလေးဖြစ်ဖြစ် စိတ်ညစ်တာလေးတွေ၊ စိတ်ရှုပ်နေတာလေးတွေ ပျောက်သွားအောင် မြှားပစ်ကစားတဲ့ ဒီဂိမ်းကို ကစားကြည့်ကြရအောင်......။ စိတ်ရှည်ဖို့တော့ လိုမယ်နော်။ ပျော်တော့ ပျော်စရာကြီး..... ရင်လည်း ခုန်ရတယ်။ (ကောင်လေးတွေနဲ့တွေ့ရင် ဒီလောက်တောင် ရင်မခုန်ရဘူး.... ဟီး ဟီး)

ကိုယ့်ကိုယ်ကိုယ် လက်တည့်တယ်လို့ ထင်ကြသူတွေ ၀င်ကစားဖြစ်အောင် ကစားသွားပါ။
နောက်ဆုံးအဆင့်ထိ လက်ဖြောင့်ဖြောင့် ပစ်နိုင်တဲ့လူကို ငယ်က တွေ့ပြီး စကားပြောချင်တယ်။ (ဘယ်လိုများ ထိအောင်ပစ်ခဲ့တာလဲမေးမလို့ပါ.... တစ်မျိုးမထင်နဲ့။)


Monster Hunt



Click here to play this game

My Wishes for You!

Friday, April 18, 2008



I wish you Health...
So you may enjoy each day in comfort.

I wish you the Love of friends and family...
And Peace within your heart.

I wish you the Beauty of nature...
That you may enjoy the work of God.

I wish you Wisdom to choose priorities...
For those things that really matter in life.

I wish you Generousity so you may share...
All good things that come to you.

I wish you Happiness and Joy...
And Blessings for the New Year.

I wish you the best of everything...
That you so well deserve.

HAPPY NEW YEAR FRIEND!

~ Author Unknown to me ~



H ours of happy times with friends and family
A bundant time for relaxation
P rosperity
P lenty of love when you need it the most
Y outhful excitement at lifes simple pleasures

N ights of restful slumber (you know - dont' worry be happy)
E verything you need
W ishing you love and light

Y ears and years of good health
E njoyment and mirth
A angels to watch over you
R embrances of a happy years!

~ Author Unknown to me ~



Happiness deep down within.
Serenity with each sunrise.
Success in each facet of your life.
Family beside you.
Close and caring friends.
Health, inside you.
Love that never ends.
Special memories of all the yesterdays.
A bright today with much to be thankful for.
A path that leads to beautiful tomorrows.
Dreams that do their best to come true.
Appreciation of all the wonderful things about you.

~ Author Unknown to me ~



I look to the new year and my wish for you;

Peace within your heart
Love from family and friends
Faith to guide your way
Hope to to make it through each day
Sunshine to light the day
Heavenly Stars to wish upon
Rainbows to to let you know there is a tomorrow
A tear to show compassion
A heart to hold the love
But most of all I wish for you
to feel my hand in yours,
To know I am here if you stumble or fall.
To bring you cheer, to bring you love,
to return the love you always share with me.

~ Author Unknown to me ~



Perhaps a bit wiser,
a bit kinder, too,
a little bit braver,
a heart that's more true,
a touch of believing
I've not known before,
in joys I'm receiving
a little bit more.

A little more anxious
to reach out my hand,
despite hurt or problems
to still understand,
accepting the heartache
that life often brings,
a little more beauty
in life's simple things.

A prayer when I'm weary
as onward I trod,
a little more trusting,
believing in God,
'tis this I would wish for
within moments dear,
not a lot - just a little
this wondrous new year.

~ Garnett Ann Schultz ~