Showing posts with label Tag ကြတာလေးတွေ. Show all posts
Showing posts with label Tag ကြတာလေးတွေ. Show all posts

အချစ်အကြောင်း

Friday, November 16, 2007

ငယ်ဆူးအိမ်

ဦးဦးဖျားဖျား သဲက အချစ်အကြောင်း tag လိုက်တယ်ဆိုတော့ ဒီမှာ ငယ်တစ်ယောက် အတွေး များရတော့တာပါပဲ။ တကယ့်တကယ် အချစ်အကြောင်းရေးပါဆိုတော့ ဘယ်ကနေ ဘယ်လိုစရေးရမှန်း တောင် မသိပါဘူး ...... တစ်ခါတလေတော့ စိတ်ကူးပေါက်ရာ ... ဟိ॥ ဟိ... ထင်ရာမြင်ရာလေးတွေ ရေးမိပါတယ်။ အဲဒါကို ခေါ်စရာခေါင်းစဉ်မရှိလို့သာ ကဗျာလို့ အလွယ်တကူခေါ်လိုက်တာပါ....။ ကဗျာဆရာ၊ ဆရာမတွေ စိတ်ခုသွားမှာလည်း ငယ်က အစိုးရိမ်သား။

လူဆိုတဲ့အမျိုးကလည်း ရတာမလို၊ လိုတာမရဆိုတော့ အချစ်ကို အဓိပ္ပါယ်ဖွင့်ရမှာတောင် ခပ်ခက်ခက်။ ကိုယ့်ချစ်တယ်လို့ ထင်ရသူနဲ့ ပျော်နေတဲ့အချိန်ဆိုရင် အချစ်က အေးမြလိုက်တာ.... ဘ၀မှာ အရာရာ ပြည့်စုံသွားသလိုလို ... အချစ်ရှိရင် ကိုယ်သေပျော်ပါပြီဆိုပြီး မိုးမမြင်လေမမြင်ကြီးဖြစ်လို့။ အချစ်နဲ့ ပဋိပက္ခဖြစ်လို့ အဆင်မပြေတဲ့အခါကျတော့ ခံစားရတဲ့သူတွေများ နေဆယ်ဆင်းပူတဲ့အပူတောင် ကိုယ့် ရင်ဘတ်ထဲက အချစ်ပူကိုမမီ.... ခံစားတတ်လိုက်ကြတာ။

နောက် တစ်မျိုးရှိသေးတယ်။ သိပ်ချစ်တတ်တဲ့သူတွေလို့ပဲ ပြောရမလား........ ခေါင်းမာတဲ့လူတွေ လို့ပဲ ချစ်စနိုးလေးခေါ်ရမလား မသိပါဘူး။ မချစ်ပါနဲ့၊ မပတ်သက်ပါနဲ့၊ ကျနော်/ကျမမှာ ချစ်သူရည်းစားရှိပါ တယ်ဆိုရင်တောင် ဟင့်အင်း..... မရဘူး..... ဇွတ်ပဲ....ကိုယ့်ကို ပြန်မချစ်ချင်နေ... ဒါပေမယ့် ကိုယ့်ကိုတော့ ချစ်ခွင့်ပေးပါ.... ကိုယ့်အနားမှာ မင်းအရိပ်ရှိနေရင်တောင် ကိုယ်ကျေနပ်ပါတယ်ဆိုတဲ့ လူကလည်း ရှိတတ်ပါသေးတယ်။

တော်ပြီ... တော်ပြီ... တစ်ယောက်တစ်မျိုးရဲ့ အချစ်တွေကိုသာ ခွဲခြားစိတ်ဖြာရမယ်ဆိုရင် ရှုပ်ကုန် မလားမသိဘူးနော်။ တကယ့်တကယ် စိုးရိမ်မိတာက ကိုယ့်ကိုယ်ကိုယ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ငယ်က အချစ်ဆိုတာ ဘာမှန်းညာမှန်း သေသေချာချာမသိသေးတဲ့ ပေါတောတောကောင်မလေးလေ။ တော်ကြာ အချစ်ကိုကြောက်သွားပြီး မေမေနဲ့ဖေဖေက ငယ့်ကြောင့်ဝမ်းနည်းနေရဦးမယ်....... မိဘ၀တ်တရားမကျေလို့ ဆိုပြီး..... ဟီး ဟီး...

သဲပြောသလို ထင်တာပြောဆိုရင်တော့ ငယ်ထင်တာက ငိုတာလည်း အချစ်၊ ရယ်တာလည်း အချစ်၊ ပြုံးတာလည်း အချစ်.... ဇာတ်ကားတစ်ကားမှာ ကြည့်ရသလို အချစ် ညီမျှခြင်း ချိုချဉ်ဖန်ငန်စပ်ခါး ဖြစ်မယ်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ ငယ်ယုံကြည်တာတော့ တစ်ယောက်နဲ့တစ်ယောက် ထပ်တူကျစွာ ချစ်နေကြမယ်၊ ပေးဆပ်နေကြမယ်ဆိုရင် သာယာတဲ့အချစ်တစ်ခု၊ ပျော်ရွှင်စရာကောင်းမယ့် အနာဂါတ်တစ်ခု ကို ဖန်တီးနိုင်ကြလိမ့်မယ်ဆိုတာပါပဲ......။

သဲရေ........ ဒီလောက်ဆို ကျေနပ်တော့နော်..... ငယ်လည်း ထင်ရာမြင်ရာတွေ ပြောပြီးပြီဆိုတော့ သူများပြောတာလည်း ကြားချင်သေးတယ် ........ ဖြစ်နိုင်မယ်ဆိုရင် ငယ့်ရဲ့ အသစ်စက်စက်ဘလော့လေးကို လာလည်ကြတဲ့ ကိုကိုမမတွေ အားလုံးကို အချစ်အကြောင်း ပြောပြပေးစေချင်ပါတယ်....
tag လုပ်ချင်ပါတယ်.......။