သံပတ်နှလုံးသား

Saturday, December 8, 2007

ငယ်ဆူးအိမ်

ချစ်သူ.....

မင်းကို မမြင်မတွေ့ရတဲ့ နေ့တွေဆိုရင်

မင်းကို တစိမ့်စိမ့်လွမ်းအောင်

ကိုယ့်နှလုံးသားကို ဘယ်လိုများ သံပတ်ပေးထားခဲ့တာလဲ.....။


ကိုယ့်အနားမှာ မင်းမရှိတဲ့အချိန်တွေဆိုရင်

အထီးကျန်ဆန်တဲ့ခံစားမှု

ကိုယ့်ရင်ခုန်သံတွေကို မင်းဘယ်လိုများ သံစဉ်ညှိသွားခဲ့တာလဲ.....။


နေမင်းကြီးက နှုတ်ဆက်လိုက်၊

ကြယ်စင်တွေနဲ့လစန္ဒာလည်း ပျောက်ကွယ်သွားလိုက်

နေ့တွေညတွေသာ ပြောင်းလဲသွားတယ်

ကိုယ့်အတွေးထဲမှာတော့ မင်းအကြောင်းက စွဲထင်လို့နေဆဲ

ကိုယ့်အာရုံတွေကို မင်းဘယ်လိုများ အမိန့်ပေးခဲ့တာလဲ.....။


မင်းအတွက်ဆိုရင်ပေါ့

ကိုယ့်ရဲ့နေ့တွေရော ညတွေပါမကလို့

ကိုယ့်ဘ၀တစ်ခုလုံး ကုန်ဆုံးသွားရင်တောင်

ကိုယ့်အနားမှာ မင်းရှိမယ်ဆိုရင် ကျေနပ်ပါတယ်......။


1 comments:

မေပျို said...

ငယ်ရေ သံပတ်နှလုံးသားလေးက သနားပါတယ်နော်။ သူ့ကို သံပတ်ပေးတဲ့လူကို မြန်မြန်ပြန်ရှာပြီး သံပတ်ကို နည်းနည်းလောက်လျှော့ခိုင်းလိုက်နော်။ ဟဲဟဲ