သတိရတဲ့အခါ

Sunday, December 2, 2007

ငယ်ဆူးအိမ်

ချစ်သူ ...... တို့ကို သတိရတဲ့အခါ

ကောင်းကင်ကကြယ်ပွင့်ကလေးတွေကို

ခေါင်းမော့ကြည့်လိုက်ပါ

အဝေးတစ်နေရာမှာ မင်းကိုလွမ်းစိတ်နဲ့

တို့လည်းပဲ သတိတရလှမ်းကြည့်နေပါတယ် .....

ချစ်သူ ..... တို့ကို သတိရတဲ့အခါ

လေလှိုင်းက သီချင်းသံစဉ်တွေကို

နားထောင်ကြည့်လိုက်ပါ

အဝေးတစ်နေရာမှာ မင်းကိုလွမ်းရင်းနဲ့

တို့လည်းပဲ ခံစားနားထောင်နေပါတယ် .....

ချစ်သူ ....... မင်း တို့ကိုလွမ်းသလို

တို့လည်းပဲ လွမ်းတတ်ပါတယ်ဆိုတာ

မင်း သတိပြုမိအောင်လို့ပါ.........

ဒီမှာတော့

ဖုန်းသံကိုလည်း လွမ်းတယ်

မင်းအသံကိုလည်း သတိရတယ်

သီချင်းသံစဉ်တွေကိုလည်း မမေ့ဘူးကွယ်.........။

0 comments: