Why BURMA is in trouble.....

Sunday, June 29, 2008



Population: 56 MILLIONS


9 Millions Retired


30 millions in States & Townships Employees

17 millions in Central Govt. in NPT


(Both categories don't work)



1 million IT professional (don't work for Myanmar )


25 millions in school


1 million are under 5 years


15 millions unemployed


1.5 millions, u can find anytime in hospitals


Statistics says u find 79,99,998 people anytime in jail


The Balance two are U & Me.


U are busy ' checking Mails /sending fwds.. '..!!


HOW CAN I HANDLE BURMA alone?



သဘာဝလေးတွေ

Saturday, June 28, 2008


Wife: Honey..... What are You Looking for?

Husband: Nothing.

Wife: Nothing...?? U've been reading our marriage certificate 4 an hour?

Husband: I was just looking 4 the expiry date.


**************************************************
Q - What is the Difference between Mother & Wife?

A - One Woman Brings U into this world crying... & the other ensures U Continue to do so.


**************************************************
Wife: Do you want dinner?

Husband: Sure, what are my choices?

Wife: Yes and no.


**************************************************
Wife: You always carry my photo in your handbag to the office. Why?

Husband: When there is a problem, no matter how impossible, I look at your picture

and the problem disappears.

Wife: You see, how miraculous and powerful I am for you?

Husband: Yes, I see your picture and say to myself, " What other problem can there

be greater than this one?"


**************************************************
Girl: When we get married, I want to share all your worries, troubles and lighten

your burden.

Boy: It's very kind of you, darling, But I don't have any worries or troubles.

Girl: Well that's because we aren't married yet.


**************************************************
Son: Mom, when I was on the bus with Dad this morning, he told me to give up my

seat to a lady.

Mom: Well, you have done the right thing.

Son: But mum, I was sitting on daddy's lap.


**************************************************
A newly married man asked his wife, "Would you have married me if my father
hadn't left me a fortune?"

"Honey," the woman replied sweetly, "I'd have married you NO MATTER WHO
LEFT YOU A FORTUNE"


**************************************************
Father to son after exam: "let me see your report card."

Son: "My friend just borrowed it. He wants to scare his parents."


**************************************************
Interviewer to Millionaire:

To whom do you owe your success as a millionaire?"

Millionaire: "I owe everything to my wife."

Interviewer: "Wow, she must be some woman. What were you before you married
her?"
Millionaire: "Billionaire "


**************************************************
Girl to her boyfriend: One kiss and I'll be yours forever.

The guy replies: Thanks for the warning.


**************************************************
A wife asked her husband: "What do you like most in me my pretty face or my
sexy body?"

He looked at her from head to toe and replied: " I like your sense of humor।


ချစ်သူပြန်လာမယ့်ရက်

Wednesday, June 25, 2008


ချစ်သူကိုတမ်းတတဲ့ ဒီရင်ခွင်

အလွမ်းတွေနဲ့ တဖြည်းဖြည်းလောင်မြိုက်

အဝေးကလူတော့ မကြားနိုင်ပေမယ့်

ဒါက ကိုယ့်ရဲ့ရူးသွပ်မှုတစ်ခုလေ…..။


မျှော်လင့်ချက်တွေနဲ့စောင့်စား

အိပ်မက်တွေနဲ့ အဖော်ပြု

လျော့မသွားတဲ့ ဒီအလွမ်းတွေကြောင့်

ကိုယ့်နှလုံးသားကိုထုတ်

ဒါဏ်ရာကို အစိမ်းချုပ်ပေးပါလား…. ချစ်သူ။


ခံစားမှုတွေကို သိုဝှက်မထားတတ်တဲ့

အရောင်ဖျော့ဖျော့ ကိုယ့်မျက်လုံးတွေကို

တချိန်က မင်းမြတ်နိုးတယ်ဆို……..

ဒီမျက်ဝန်းလေးငိုနေမှာကို

သတိမရတော့ဘူးလား……. ချစ်သူ။


နှစ်လရက်တွေ ကုန်ဆုံးသွားပါစေ

အချိန်နာရီတွေ တိုက်စားခံရလည်း

မပြောင်းလဲသော ချစ်ခြင်းများစွာဖြင့်

မနက်ဖြန်ပေါင်းများစွာကို ကျော်ဖြတ်ရင်း

မင်းပြန်လာမယ့်ရက်ကို ကိုယ်စောင့်နေမယ်ချစ်သူ။


သန္ဓေမမှန်သော အစပျိုးမှု


အမှန်တ၀က် အလိမ်တ၀က်

အပြောင်အနောက် ပလီပလာတွေနဲ့

ရေလောင်းစိုက်ပျိုးခဲ့တဲ့ ခင်မင်မှုလေးတစ်ခု…॥


တပ်မက်မှုတွေရောနှော မာနလက်ကျန်တွေနဲ့

နေမင်းနဲ့ကောင်းကင် အားပြိုင်

မြေစာပင်ဖြစ်ရတာက ဖြူစင်တဲ့သံယောဇဉ်လေးတွေ……။


ငိုလိုက်… ရယ်လိုက်….ပြုံးလိုက်….ရန်ဖြစ်လိုက်

ဒီဆက်နွယ်မှုတွေကြား မာယာများတဲ့အသွင်

ခံနိုင်ရည်မရှိတော့တာက တခြမ်းပဲ့နှလုံးသား

ကောင်းကင်ကလည်း မျက်ရည်လွယ်လို့ပေါ့။


ဖြစ်တည်မှုတစ်ခုရဲ့ အထိမ်းအမှတ်တစ်ခုအလား

တိတ်ဆိတ်ခြင်းကိုနှစ်သက်ပေမယ့်

သူနိုင်ကိုယ်နိုင် စကားနိုင်လု ရန်ဖြစ်ရတာကိုက

ပျော်စရာတစ်ခုဖြစ်လို့။


အခုတော့

ရေလောင်းပေးမယ့်သူ မရှိတော့တဲ့

ခင်မင်မှုလေးက နွမ်းနွမ်းခြောက်ခြောက်………..

တခဏဆိုပြီး သတိမထားမိလိုက်တဲ့

သံယောဇဉ်တွေက ထွေးလုံးရစ်ပတ်………..

̏ရန်ဖြစ်လိုက် ပြန်ချစ်လိုက် သူကျနော့်ကိုရက်စက်˝

မဆီမဆိုင် ဒီသီချင်းစာသားကိုတောင် သတိရနေမိတယ်။


အနှိုင်းမဲ့ မေတ္တာရှင်

Thursday, June 19, 2008



စီစဉ်သူ မျိုးမြင့်အောင်
တေးရေး ထက်အောင်ရှိုင်း
တေးဆို ထက်အောင်ရှိုင်း၊ စက္က၊ ဒေါ်နွယ်နွယ်အောင်
ထုတ်လုပ်သူ NLD(LA) Malaysia


မြင့်မြတ်သော နှလုံးသားပိုင်ရှင်တို့သည် သတ္တ၀ါ အပေါင်းတို့ အပေါ်၌ သနားကြင်နာတတ်သော ပိတီကို ခံစားကြကုန်၏။
(လာ…..လာလာလာလား…… လာလာလာ…..လာ လာလာလာ)၂
( အမေ…. ချွေးနဲ့လေ သားတို့အရေး ပြန်မြင် လို့တွေး
အမေ…. မေားပန်ပစေတော့ ညှိးနွမ်းပစေပေါ့ လှိုင်တံပိုးတွေ ကားဆီးပေး
အမေ….
အမေ့မျက်ရည် (အေးချမ်းတဲ့) မိုးစက်တွေ ပြည်သူတွေ မျှဝေ
အမေ… အမေ့ရုပ်ရည်လည်း အရိုအရေပဲ အော် ဒုက္ခတွေ
အမေ…. သွေးစက်တွေ ခမ်းသွားပါစေ သားတို့ ဘ၀ရှင်သန်ဖို့လေ

အမေ့ရဲ့ဘ၀ဟာ နေ့နဲ့ည ပြောင်းလဲရင် အိုဟောင်းခဲ့ရ မညိုးနွမ်းခဲ့ပါ အမေ့စိတ်က
ဖြူစင်မြင့်မြတ်လွန်းတယ်
အနိုင်းမဲ့မေတ္တာ ပေးစွမ်းသမျှ ခရောင်းတော အတွင်းသာ ဖြတ်ခဲ့ရ ဒုက္ခတရားတွေ ဘ၀ထက်မက လောဘသမားတွေ ထိုးနှက်ကြ စည်းလုံးကြပါသွေးချင်းများ ကူညီရိုင်းပင်းကြပါပြောတဲ့စကား ရင်မှာ အမြဲတမ်းမေ့လို့မရ ဘ၀ရဲ့ခဏတာ ဆုံတွေကြ
ဆုံးရှုံးခဲ့တာ ဒီထက်မက စွန့်လွတ်ခဲ့တာ အမိနဲ့ အဖ ငါတို့တိုင်းပြည်တိုးတက်မှ ကမ္ဘာမှာ ထင်မှာ ဗ်မာတို့အလှ )၂

အမေ…. ချွေးနဲ့လေ သားတို့အရေး ပြန်မြင် လို့တွေး
အမေ…. မေားပန်ပစေတော့ ညှိးနွမ်းပစေပေါ့ လှိုင်တံပိုးတွေ ကားဆီးပေး
အမေ….
အမေ့မျက်ရည် (အေးချမ်းတဲ့) မိုးစက်တွေ ပြည်သူတွေ မျှဝေ
အမေ… အမေ့ရုပ်ရည်လည်း အရိုအရေပဲ အော် ဒုက္ခတွေ
အမေ…. သွေးစက်တွေ ခမ်းသွားပါစေ သားတို့ ဘ၀ရှင်သန်ဖို့လေ

(လာ…လာလာလာလား…… လာလာလာ…..လာ လာလာလာ)၂

သက်ကျော်ရာကျော်ရှည်လို့ အပြုံးပန်းတွေပွင့်ဝေနိုင်ပါစေ…. အမေ

Saturday, June 14, 2008


(၁)

ပြက္ခဒိန်တွေ တစ်ရွက်ပြီးတစ်ရွက်လွင့်ကျ

နှစ်တွေလည်း တစ်နှစ်ပြီးတစ်နှစ်ပြုတ်ကျ

မြန်မာပြည်ကြီးကတော့ ဆင်းရဲတွင်းထဲနစ်သထက်နစ်လို့

အခုဆိုရင် အမေ့အသက် (၆၃)နှစ်တောင် တိုင်ခဲ့ပြီ။

မွေးနေ့တွေတိုင်း အမေကတော့ အထီးကျန်နေဆဲ။


(၂)

အမေ့ရဲ့အသွင်ခန္ဓာ ပါးလျလျမှာ

ယုံကြည်ချက်ကတော့ ဖယောင်းလိုမပျော့

တိုးတိတ်ညှင်သာတဲ့ အမေ့ရဲ့အသံ

စိတ်ဓါတ်က သံမဏိလိုမာကျောလို့

အမေ့ရဲ့ခံနိုင်ရည်တွေကို ငါအားကျမိတယ်။

ကဲ…….. အမေ့ရဲ့မေတ္တာ

သမုဒ္ဒရာထက်မနက်ဘူးလို့ ဘယ်သူပြောနိုင်မလဲ……။


(၃)

စကားလုံးနဲ့ပင်နှိုင်းလို့မရ ငါတို့ပြည်သူတွေရဲ့ဆင်းရဲဒုက္ခ

အေးမြတဲ့အမေ့ရဲ့အပြုံးအောက်မှာ

မျက်ရည်တွေရစ်ဝဲ အမေ ၀မ်းနည်းနေမှာပါ။

အမေ့ရဲ့စကားတွေကတော့ ငြိမ်းချမ်းရေးကိုရှေးရူနေတုန်းပဲ

ဒါနဲ့များ…. ̏နေအိမ်အကျယ်ချုပ်˝ အမေနေရမယ့်နေရာလား…..။


(၄)

ဟိုး… အရင်တုန်းကပေါ့

တိုင်းပြည်ကနေထွက်ခွါ တိုင်းတစ်ပါးမှာ ပညာသင်ကာ

အေးချမ်းတဲ့ဘ၀တစ်ခု အမေပိုင်ဆိုင်ခဲ့ဖူးတယ်။

တိုင်းပြည်နဲ့လူမျိုးအတွက် အရေးကြုံလာပြန်တော့

ချစ်လင်ကိုစွန့်၊ သားတွေကိုစွန့်၊

ပျော်စရာမိသားစုဘ၀ကို ကျောခိုင်းလို့

နှလုံးပျောက်သူ စစ်အာဏာရူးလူတစ်စုကို

ဦးမညွှတ်ဒူးမထောက် ယုံကြည်ချက်အတိုင်း

အမိမြန်မာပြည်မှာ ဘ၀ကိုစတေးခံနေတာ

ဗိုလ်ချုပ်သမီးမပီသဘူးလို့ ဘယ်သူပြောမလဲ…॥။


(၅)

ငြိမ်းချမ်းမှုကိုငတ်မွတ်နေတဲ့

ငါတို့နှလုံးသားတွေအတွက်

ဘ၀နဲ့ရင်းတဲ့ အမေ့ရဲ့အကြင်နာ

အသက်သွေးပေးဆပ်ခဲ့သူတို့ရဲ့ဝိဉာဉ်နဲ့

ငါတို့တွေရဲ့မနက်ဖြန်အတွက်

အချိန်တွေကိုတိုက်စားရင်း ထုဆစ်နေဦးမှာပါ … အမေ။


(၆)

မျှော်လင့်ခြင်းများရဲ့လမ်းပြကြယ်

သစ္စာတရားရဲ့ပြယုဂ်

ငါတို့ဘ၀တွေအတွက် အားမာန်

စံပြုထိုက်သူ

အို……….. အမေ̏ ဒေါ်အောင်ဆန်းစုကြည်˝

သက်ကျော်ရာကျော်ရှည်လို့ အပြုံးပန်းတွေပွင့်ဝေနိုင်ပါစေ…………..။

ငြိမ်းချမ်းရေးဂျိုးဖြူငှက်တို့ တောင်ပံဖြန့်ကာ ကမ္ဘာကိုစိုးမိုးနိုင်ပါစေ………………..။


ကျမရဲ့ဧရာဝတီ

Saturday, June 7, 2008



မိုးတွေရွာရင် အလိုလိုနေရင်းလွမ်းမိတယ်
လေပြင်းတွေက လူကိုကျီဆယ်တယ်လေ။
မိုးရွာထဲမှာ လမ်းလျှောက်တတ်တဲ့
ခြေလှမ်းတွေရဲ့ပျော်ရွှင်မှုကို ဘယ်သူကသိနိုင်မှာလဲ။
အခုတော့ မိုးတွေကိုမုန်းလိုက်ရတော့မှာလား ဧရာဝတီ။

ကျယ်ပြန့်ပြီး ရွှေဝါရောင်လွမ်းတဲ့ လယ်ကွင်းပြင်တွေ
ကျမရဲ့အရပ်ထက်ရှည်တဲ့ မြက်ပင်စိမ်းစိမ်းရိုင်းရိုင်းတွေ
ခြေရာတွေကျန်ခဲ့တတ်တဲ့ ရွံ့ဗွက်ထူထူတွေ
ဒီမြင်ကွင်းတွေဟာ တကယ်တော့ ကျမရဲ့ပတ်ဝန်းကျင်ပဲလေ
ဘယ်သူမှမသိလိုက်ခင်မှာ ပြောင်းလဲခြင်းခံလိုက်ရတယ်။
̏နာဂစ်˝ဆိုတဲ့ မုန်တိုင်းကို အပြစ်တင်ရမှာလား ဧရာဝတီ။

ဓနိပင်တွေနဲ့အပြိုင် ရွာကိုပတ်ပြီး စီးနေတဲ့မြစ်ချောင်း
ကျမတို့ငယ်ငယ်ကတည်းက အမြဲရေချိုး…. ရေကူးခဲ့တာပေါ့။
သေးသေးကြီးကြီး ငါးတွေနဲ့လည်း ဆော့ကစားခဲ့တာပဲလေ။
ဒီရေ အတက်အကျကိုလိုက်ပြီး အချိန်တွေကိုတောင် ရေတွက်ခဲ့မိဖူးတာ။
ဒါတွေကို ဘယ်လိုမေ့လို့ရမှာလဲ ဧရာဝတီရယ်။

ထန်းပင်အုန်းပင်တွေနဲ့ ကာရံထားတဲ့
ကျမတို့ရွာက တခုတည်းသောရေကန်ကြီးရယ်
ရေရှည်အတွက် သိုလှောင်ထားတဲ့ စပါးကျီကြီးတွေရယ်
အခုတော့လည်း ရေငန်ရေတွေက ၀င်လိုဝင်
အမိုးအကာတွေက ပြိုပျက်လိုပျက် လွင့်လိုလွင့်
ဘာတွေများ….. ကျမတို့အပြစ်လုပ်ခဲ့မိလို့လဲ ဧရာဝတီ။

ပြောပြပါဦး။
ကျမတို့ဘ၀တွေ ပျက်ဆီးခဲ့ရတယ်။
ကျမတို့ရဲ့မျှော်လင့်ချက်တွေ သေဆုံးခဲ့ရတယ်။
ဘာကြောင့်လဲ ဧရာဝတီ
တစ်ကြိမ်တစ်ခါဖြစ်ဖြစ် ပြောပြလှည့်ပါဦး။

မသေဆုံးနိုင်မယ့် ငါ့ရဲ့ယုံကြည်ချက်

Friday, June 6, 2008


အိပ်မရတဲ့ညတွေ များနေခဲ့ပေမယ့်
အိမ်မက်တွေကတော့ ရှင်သန်နေဆဲပဲ....
ကိုယ်ဟာ ဒီအိမ်မက်တွေကြောင့် အသက်ရှင်နေခဲ့ရသူမို့
ဒီအိမ်မက်တွေပြီးဆုံးတဲ့အထိ ကိုယ်ဆက်မက်နေဦးမယ်။
ကိုယ့်အိမ်မက်တွေအကောင်အထည်ဖော်နိုင်တဲ့အထိ ကိုယ်ဆက်မက်နေဦးမယ်။

ကိုယ့်ရဲ့ခြေလှမ်းတွေက ယိမ်းယိုင်နေသည်ဦး
ကိုယ်ကတော့ ရှေ့ဆက်လှမ်းနေဦးမှာပဲ....
ဒီခရီးရဲ့အဆုံးကိုရောက်ဖို့ ကိုယ်အစပျိုးခဲ့တာမို့
ဆူးခင်းထားတဲ့လမ်းဖြစ်နေရင်လည်း ကိုယ်နင်းလျှောက်သွားရလိမ့်မယ်

ကိုယ်ဟာ ဆွံ့အနေသူတစ်ယောက်ဆိုရင်တောင်
ကိုယ်မြတ်နိုးတဲ့ တရားမျှတမှုအတွက်
အသံကုန်အော်ဟစ်တောင်းဆိုနေဦးမယ်
အဆိုးဆုံး ကိုယ့်ခနကိုသတ်လိုက်ပါစေဦး
ကိုယ့်ဝိဉာဉ်ကတော့ ရှင်သန်နေဦးမယ်

ငါ့ရဲ့ဝိဉာဉ်… ငါ့ရဲ့ယုံကြည်ချက်… ငါ့ရဲ့အိမ်မက်တွေကို
ဘယ်အရာက ဘယ်လိုနည်းနဲ့များ
ဖျက်ဆီးနိုင်မှာလဲ…….။

စိတ်ရိုင်းတွေကို ဖယ်ရှားလှည့်ပါ


စိတ်ရိုင်းတွေကို ဖယ်ရှားလှည့်ပါ
စူးစူးရှရှ ဒီခံစားချက်တွေကြား
ငါတကယ်ကို အသက်မရှင်ချင်တော့ဘူး……။

အကြင်နာတွေနဲ့ ယုယလှည့်ပါ
တိတ်တဆိတ် ဥပေက္ခာပြုမှုတွေကြား
ငါတကယ်ကို မပျော်နိုင်ခဲ့တာကြာပါပြီ……။

တန်ဖိုးထားလှည့်ပါ
ငါတကယ်ကို သည်းခံခြင်းနဲ့ကင်းဝေးခဲ့ပြီ…..။
ငါတကယ်ကို အရှုံးမပေးချင်တော့ဘူး ……။

ခိုကိုးရာမဲ့ ဒီမျက်ရည်စက်တွေ
သွေးတွေစီးတဲ့ ဒီရင်ခွင်ကို
ငါ မစွန့်လွတ်နိုင်သေးပေမယ့်
မင်းကတော့ ကမ်းကုန်အောင် ရက်စက်နိုင်တယ်ပေါ့......။

ဝန်ခံလိုက်စမ်းပါ
တကယ်တော့ မင်းက
အရှုံးပေးလိုက်ရမှာကြောက်တဲ့စိတ်နဲ့
အတ္တကိုမွေးမြူ လောဘကိုရှေ့တန်းတင်ပြီး
အဖိုးတန်တဲ့ နှလုံးသားတစ်စုံပျက်ဆီးဆုံးရှုံးသွားခဲ့သူ။