တစ်စက် မျက်ရည်

Sunday, July 27, 2008

ဝမ်းနည်းတဲ့အခါ မျက်ရည်ကျတတ်တာ

မိန်းမတွေရဲ့ သဘာဝ…..


သနားစရာအသွင် မျက်ရည်တွေကျပြတတ်တာ

မိန်းမတွေရဲ့ ဘသာဝ…..


စိတ်ကောက်ရင် ပြန်ချော့လိုက်

စက္ကန့်တောင်မခြား ပြန်ပြုံးတတ်တာ

မိန်းမတွေရဲ့ သဘာဝ…..


မင်း ထင်နေတဲ့ ဘသာဝ

မင်း ပြောနေတဲ့ သဘာဝ

ဒါဆိုရင်

ကိုယ့်ကိုယ်ကိုယ်အထင်ကြီး

အရှုံးပေးဝန်ခံရမှာကို သေမလောက်ကြောက်

ယဉ်ယဉ်လေးရူးနေတာကလည်း မင်းရဲ့သဘာဝပဲလား…..


ချစ်လို့ နားလည်ပေးဖို့ကြိုးစားတယ်။

နားလည်ပေးရင်း ခွင့်ပါလွတ်ခဲ့တယ်

မျက်ရည်တွေလည်း ကိုယ်စားကျပေးခဲ့ရတာ အကြိမ်ကြိမ်

ဒါကိုမှ နားမလည်

အတ္တတွေ၊ တကိုယ်ကောင်းဆန်တဲ့စိတ်တွေနဲ့

ရူးနေတဲ့မင်းကို ငါတော့ ဘိုင်းဘိုင်ပဲ


လူချင်းတူပေမယ့် အသက်ရှုခြင်းတော့ကွဲတယ်

ငါ့ရဲ့ နောက်ထပ်မျက်ရည်တစ်စက်

မင်းရဲ့ဝိဉာဉ်ဖြစ်ရလိမ့်မယ်…………။




0 comments: