ပေးဆပ်ခြင်းရဲ့ပုံရိပ်

Sunday, July 27, 2008



မချစ်တတ်တဲ့မင်းနှလုံးသား

ချစ်တတ်လာဖို့အတွက်

စွန်းထင်းခြင်းကင်းမဲ့ အဖြူရောင်နှလုံးသားတစ်စုံ

ငါ…….. ပုံပေးခဲ့တယ်။

ဒါပေမယ့် မင်းကတော့

အချစ်ဆိုတာကိုနားမလည်သေးဘူး။


ဘ၀အစမလှခဲ့တဲ့မင်း

မင်းပျော်ရွင်နိုင်ဖို့အတွက်

အပြစ်မဲ့တဲ့ အဖြူရောင်မျက်ရည်တွေကို

ငါ……… ရွာသွန်းစေခဲ့တယ်

ဒါပေမယ့် မင်းကတော့ မျက်ရည်တွေရဲ့နာကျင်မှုကိုနားမလည်ပါလား။


တွေဝေနေတဲ့မင်းရဲ့စိတ်တွေ

မနာကျင်ဖို့အတွက်

အကြောင်းပြချက်မဲ့ ငါနားလည်ခွင့်လွတ်ပေးခဲ့တယ်။

ဒါပေမယ့် မင်းကတော့ တစ်ကိုယ်ကောင်းဆန်နေတုန်းပဲ။


အစကတော့

တွေဝေခြောက်ခြား မင်းရဲ့ဘ၀ကို ငါသနားတယ်

ငါ့ဘ၀တစ်ခုလုံး ပုံပေးခဲ့မိတဲ့အထိပေါ့

အခုတော

̏အလိုလိုက် အမိုက်စော်ကား˝

သဲခြေပျက်တဲ့ မင်း

သွေးအေးအေးနဲ့ရက်စက်တတ်တာ ငါ မအံ့သြတော့ပါဘူး။


0 comments: