မင်းနဲ့ငါ

Tuesday, July 15, 2008



I love you!

မင်း အမြဲသုံးခဲ့တာလေ

ငါ ယုံတယ်လို့မင်းထင်လို့လား

တကယ်တော့ ငါမယုံဘူး….. မင်းကိုတကယ်ချစ်ခဲ့မိလို့…..။


I miss you!

အနှစ်မပါ ရင်ဗလာနဲ့

မင်းပြောတတ်တာ ငါသိသားပဲ

ဒါပေမယ့် ငါက မင်းကိုအမြဲတမ်းလွမ်းနေခဲ့မိတာ….။


I won’t make you upset anymore!

ဒီလိုပြန်ချော့တတ်တာ မင်းအကျင့်ပဲလေ

မင်းထင်သလို ငါမပျော့ညံ့သေးပါဘူး

အဓိပ္ပါယ်မဲ့ မင်းကို မခံစားစေချင်ခဲ့တဲ့အတွက်ကြောင့်ပါ………။


Don’t leave me alone!

အနားမှာအမြဲနေဖို့ ကတိပေးတတ်တာ မင်း

မပြတ်မသားဖြစ်နေတာကလည်း မင်း

မင်းအနားက ထွက်မသွားချင်ခဲ့တာက ငါပါ……….။


မင်း ပြောတဲ့စကားလုံးတိုင်း

မှတ်ထားတတ်တာ ငါ့ရဲ့အကျင့်

မင်း လုပ်ချင်ရာလုပ်သွားပြီး

မျက်ရည်တွေနဲ့ကျန်ခဲ့တာလည်း ငါ့ရဲ့အကျင့်

ဒါပေမယ့် ငါမင်းကို မစွန့်လွှတ်နိုင်သေးဘူး ….. ချစ်သူ။


0 comments: