မသေဆုံးနိုင်မယ့် ငါ့ရဲ့ယုံကြည်ချက်

Friday, June 6, 2008


အိပ်မရတဲ့ညတွေ များနေခဲ့ပေမယ့်
အိမ်မက်တွေကတော့ ရှင်သန်နေဆဲပဲ....
ကိုယ်ဟာ ဒီအိမ်မက်တွေကြောင့် အသက်ရှင်နေခဲ့ရသူမို့
ဒီအိမ်မက်တွေပြီးဆုံးတဲ့အထိ ကိုယ်ဆက်မက်နေဦးမယ်။
ကိုယ့်အိမ်မက်တွေအကောင်အထည်ဖော်နိုင်တဲ့အထိ ကိုယ်ဆက်မက်နေဦးမယ်။

ကိုယ့်ရဲ့ခြေလှမ်းတွေက ယိမ်းယိုင်နေသည်ဦး
ကိုယ်ကတော့ ရှေ့ဆက်လှမ်းနေဦးမှာပဲ....
ဒီခရီးရဲ့အဆုံးကိုရောက်ဖို့ ကိုယ်အစပျိုးခဲ့တာမို့
ဆူးခင်းထားတဲ့လမ်းဖြစ်နေရင်လည်း ကိုယ်နင်းလျှောက်သွားရလိမ့်မယ်

ကိုယ်ဟာ ဆွံ့အနေသူတစ်ယောက်ဆိုရင်တောင်
ကိုယ်မြတ်နိုးတဲ့ တရားမျှတမှုအတွက်
အသံကုန်အော်ဟစ်တောင်းဆိုနေဦးမယ်
အဆိုးဆုံး ကိုယ့်ခနကိုသတ်လိုက်ပါစေဦး
ကိုယ့်ဝိဉာဉ်ကတော့ ရှင်သန်နေဦးမယ်

ငါ့ရဲ့ဝိဉာဉ်… ငါ့ရဲ့ယုံကြည်ချက်… ငါ့ရဲ့အိမ်မက်တွေကို
ဘယ်အရာက ဘယ်လိုနည်းနဲ့များ
ဖျက်ဆီးနိုင်မှာလဲ…….။

0 comments: