အဝေးရပ်က ဆုတောင်းသံ

Saturday, November 24, 2007

ငယ်ဆူးအိမ်

အဝေးကချစ်သူရယ်
ပျံသန်းနိုင်စွမ်းရှိတဲ့ တောင်ပံတစ်စုံသာရှိခဲ့မယ်ဆိုရင်
မိုင်တွေဘယ်လောက်ပင် ဝေးပါစေ
တောင်တန်းတွေဘယ်လောက်ပင် ကာဆီးထားလည်း
မရပ်မနားမင်းဆီကို
မမောမပန်း ပျံသန်းလာမိမှာပါ ......


လေတိုးသံတွေရဲ့ ဘာသာစကား
မင်းသာ နားလည်နိုင်စွမ်းရှိခဲ့မယ်ဆိုရင်
မင်းရဲ့အဝေးတစ်နေရာ
တောင်တန်းတွေရဲ အနောက်ဘက်ခြမ်းမှာ
လွမ်းတေးဆိုနေတဲ့
နှလုံးသားသံစဉ်တစ်ပုဒ်
မင်းကားသိနိုင်မှာပါ .......


မိုးတွေရွာတိုင်း
မင်းသတိတရ သတိထားခဲ့မိမယ်ဆိုရင်
နာကျင်နေတဲ့ နှလုံးသားငိုရိုက်သံတွေကို
ကျယ်ကျယ်လောင်လောင် မင်းခံစားမိမှာပါ .........


မင်းကိုချစ်တဲ့ ဒီရင်ခွင်ကတော့
မင်းနဲဝေးသွားခဲ့သည့်တိုင်
အချစ်တွေကိုသိမ်းဆည်းလို အလွမ်းတွေကို ပွေပိုက်ရင်း
မင်းနဲပြန်ဆုံဖို အိမ်မက်ထဲမှာတောင် ဆုတောင်းနေမိတယ်.....


4 comments:

Chaos said...

ကောင်းတယ်ကွယ်
ကဗျာလေး

Black Dream said...

ကဗျာတွေကောင်းတယ်...ဆက်ရေးပါ... :)

Mintasay said...

ဆုတောင်းပြည့်ပါစေဗျာ

Kaung Kin Ko said...

blog ဘယ်လိုဖြစ်သွားတာတုန်း။ ကဗျာတွေလဲ အပြည့်မပေါ်တော့ဘူး။ ကလိတာ လွန်သွားလို့ ထင်တယ်။ :-D