လွမ်းနေရဦးမယ်

Monday, November 19, 2007

ငယ်ဆူးအိမ်


အဝေးကချစ်သူရယ်

လွမ်းဖို့ချစ်တာမဟုတ်ပေမယ့်

ချစ်တော့လည်း လွမ်းရတာပါပဲ......

တောင်တန်းကိုကျော် ပင်လယ်ကိုဖြတ်လို့

ဖုံးကွယ်ထားတဲ့ ဝေးကွာခြင်းရဲ့

အမှောင်ထုကို ထွင်းဖောက်ကာရယ်

အပြေးကလေး လာခဲ့ချင်တယ် .........

သို့ပေမယ့်လည်း

အခြေအနေတွေရယ် မပေးသေးတာမို့

အဝေးကနေ လွမ်းနေရဦးမယ် .........

အလွမ်းတွေဟာ ငါ့ကိုလောင်မြိုက်

မျက်ရည်တွေက ငါ့ကိုလှောင်ရယ်

အခန်းကျဉ်းလေးထဲက

ခေါင်းအုံးသာ ငါ့ရဲ့အဖော်ပေါ့ .......

ခေါင်းအုံးလေးကတော့ ငါ့ကိုရယ်နေတယ်

“မင်းကိုသတိရမိတိုင်း မျက်ရည်တွေ မျက်ဝန်းမှာ ကြွေနေလို့”တဲ့၊


0 comments: