ရွေးချယ်ခွင့်

Sunday, November 18, 2007

ငယ်ဆူးအိမ်


ကိုယ့်ရဲ့အချစ်နွယ်ပင်ကိုရေလောင်း

အဆုံးအစမဲ့ နားလည်မှုတွေနှင့်

မင်းတစ်ယောက်ထဲကိုသာ ချစ်ခဲ့ပါတယ်လို့ 

မျက်ရည်တွေကြားမှာ ကိုယ်မပြောချင်ခဲ့ပေမယ့်

တကယ်တော့ ကိုယ်ငိုနေတယ် ......။

ကိုယ့်ရဲ့အရှက်နဲ့သိက္ခာကို ခ၀ါချ

နှလုံးသားတစ်စုံကို ပူဇော်ပြီး

မင်းတစ်ယောက်ထဲကိုသာ ချစ်သွားချင်ပါတယ်လို့

ခခယယမင်းအရှေ့မှာ ကိုယ်မတောင်းဆိုချင်ခဲ့ပေမယ့်

တကယ်တော့ ကိုယ်ဒူးထောက်နေမိတယ် .....။

မပြီးဆုံးနိုင်သေးတဲ့ မင်းရဲ့အချစ်ဇာတ်လမ်းတွေအကြား

ကိုယ်ဟာ ပွဲကြည့်ပရိတ်သတ်တစ်ယောက်မဟုတ်ပေမယ့်

ပေးဆပ်မှုတွေများစွာနဲ့ ကိုယ်မင်းကိုချစ်နေဆဲ

အလိုက်သိနားလည်မှုတွေနဲ့ ကိုယ်မင်းကိုခွင့်လွှတ်ဆဲ

ပြန်လာခဲ့ပါတော့လို့ ကိုယ်မခေါ်ချင်ပေမယ့်

တကယ်တော့ ကိုယ်စောင့်နေတယ် .....။

အပေါစားအချစ်တွေနဲ့ တဒင်္ဂသာယာမှု

လုံခြုံနွေးထွေးတဲ့ ကိုယ့်ရဲ့အချစ်စစ်ရှိရာဘဝ

တစ်ခုခုကိုတော့ မင်းရွေးချယ်သင့်တာပေါ့ ......။

တစ်ခုခုကိုတော့ မင်းစွန့်လွှတ်သင့်တာပေါ့ .....။


1 comments:

မွန် said...

ဒီကဗျာလေးကို နောက်ကျရင် မွန့ဆီမှာ တင်ခွင့်ပေးပါလား
ခံစားချက်နဲ့ အရမ်းတိုက်ဆိုင်နေလို့ ငယ်ရယ်