မျှော်လင့်လျှက်ပါ

Tuesday, November 27, 2007

ငယ်ဆူးအိမ်

အတွေးတွေနဲ့ရင်မော

စိတ်ကူးတွေနဲ့ရင်ခုန်လို့

အိမ်မက်ထဲမှာ ငါဟာတကယ်ကို ပျော်နေတာပါ......

ဒါဟာရင်ခုန်ရခြင်းလား

ခဏတဖြုတ် အိပ်မက်မက်ခြင်းလား

ဒါမှမဟုတ် အလွမ်းတွေကို အစပျိုးခြင်းပဲလား .......

ဒီရင်ခွင်ကတော့

ခံစားမှုအသစ်တွေကိုကြိုဆိုလို့

မျှော်လင့်ခြင်းတွေနဲ့ တကယ်ကို လှုပ်ရှားနေတာပါ ........

ချစ်တတ်လာတဲ့ စိတ်တစ်ခုကြောင့်

သိပ်ချစ်မိလို့ ခွင့်လွတ်နိုင်တဲ့ စိတ်တစ်ခုကြောင့်

ချစ်သူသာပျော်မယ်ဆိုရင် စွန့်လွှတ်ရဲတဲ့ စိတ်တစ်ခုကြောင့်

မင်းရဲ့ဆုံးဖြတ်ချက်အတိုင်း

မင်းဆီက အချစ်တွေကိုလည်း ကိုယ်ရင်ခုန်စွာ မျှော်လင့်နေမှာပါ။

မင်းပေးမယ့် အမုန်းတွေကိုလည်း ကိုယ်ကျေကျေနပ်နပ် လက်ခံမှာပါ။


1 comments:

မေပျို said...

မင်းဆီက အချစ်တွေကိုလည်း ကိုယ်ရင်ခုန်စွာ မျှော်လင့်နေမှာပါ။

မင်းပေးမယ့် အမုန်းတွေကိုလည်း ကိုယ်ကျေကျေနပ်နပ် လက်ခံမှာပါ။

ငယ်ရေ စာသားလေးတွေက လှတယ်သိလား။ ကဗျာလေးကလည်း ကောင်းတယ်။ ဒီလိုကဗျာလေးတွေ အများကြီးရေးနိုင်ပါစေနော်။