မိန်းခလေးတို့၏ အချစ်ဒုက္ခ

Sunday, December 23, 2007

ငယ်ဆူးအိမ်



“ယောင်္ကျားများ၏ အချစ်ဇယား”ဆိုတဲ့ ကဗျာလေးနဲ့ ဆန့်ကျင်ဘက်လေး ရေးချင်တာနဲ့ ရေးလိုက်တာပါ.....။ ဘာကိုမှ မရည်ရွယ်ပါဘူး......။ အမှားပါရင် ခွင့်လွှတ်ပေးကြပါ.....။ မကျေနပ်ရင်လည်း Comment တွေ ရေးပေးခဲ့လို့ ရပါတယ်..... ။



ငယ်စဉ်ဘ၀ ရင်ခုန်တတ်စအရွယ်

သူလေးက ငယ်ချစ်ဦးမို့

မမေ့နိုင်ဘဲ ဖြစ်ရတယ် ......


ဆိုးနွဲ့ပေမယ့် ခွင့်လွှတ်ပေးတဲ့

သူကတော့ အချစ်ကြီးသူမို့

သံယောဇဉ်တွယ်နေမိတယ်......


”မင်းမရှိရင် မဖြစ်လို့ပါ”ဆိုတဲ့

သူကျတော့ အားငယ်နေသူမို့

မရက်စက်နိုင်ဘဲ ဖြစ်ရတယ်.....


ရှေ့နောက်မစဉ်းစား လုပ်ချင်တာထလုပ်တတ်တဲ့

ဒီတစ်ယောက်ကတော့ တစွတ်ထိုးလေးမို့

ပြသနာရှာမှာ စိုးရသေးတယ်......


“မင်းအချစ်လောက် ဘယ်အရာမှမခမ်းနားပါဘူး”ဆိုတဲ့

ဟိုတစ်ယောက်ကတော့ အပြောကောင်းသူမို့

မရုန်းထွက်နိုင်ဘဲ စွဲလမ်းမိတယ်........


ရည်းစားမရှိရင် မနေတတ်တော့တဲ့

အဲဒီတစ်ယောက်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မို့

ဆုံးမသွန်သင်ပေးရသေးတယ်......


ဟိုလူကတော့ မရင့်ကျက်သေးသူပီပီ

သ၀န်တိုပြီး စိတ်ခဏခဏကောက်တတ်တာမို့

မပြောရက်မဆိုရက် အိနြေ္ဒလေးနဲ့ဆက်တွဲနေရသေးတယ်.......


တည်တည်ခန့်ခန့် လူကြီးဆန်တဲ့သူကိုကျတော့

ရှေ့ရေးအတွက် အားကိုးထိုက်သူမို့

လက်မလွှတ်ချင်ဘဲ ဖြစ်ရတယ် .....



ကိုယ်ဘာလုပ်လုပ် ဘယ်အချိန်ဖြစ်ဖြစ်

ကိုယ့်သဘောအတိုင်း ပျော်တော်ဆက်လေးမို့

အနားမှာထားချင်သေးတယ် ......


တစ်ပတ်မှာ ခုနှစ်ရက်

ငဲ့ညှာသနား ဦးစားပေးစဉ်းစားပေးရသူတွေများတာမို့

ဒီအချစ်ဒုက္ခမသေးလှပါ........

အချိန်ပိုရှိသူများ နည်းနည်းလောက်တော့ မျှဝေပေးပါ ......

ဒါမှမဟုတ်

အလိုရှိသူများ အကြောင်းကြားပါ

ယုံကြည်စွာနဲ့ လွှဲအပ်ပါမည်.......။




2 comments:

Anonymous said...

ငယ်....

အရမ်းကိုထိမိပြောင်မြောက်တဲ့ကဗျာလေးပါဘဲ..

but. 50% of girls won't like it..
Because. it is 99% right!! :-P

B

Anonymous said...

လုပ်ကြပါဗျ၊ ခင်ဗျားတို့ခေတ်ပဲ။
:)

သင်ကာ