ဒီဇင်ဘာ

Wednesday, December 5, 2007

ငယ်ဆူးအိမ်

“ဒီဇင်ဘာ”ဆိုတဲ့ လလေးတစ်လ

ရောက်လာပြန်တော့ အာရုံတွေက

မဟောင်းနိုင်တဲ့ အတိတ်ရက်စွဲဆီသို့

ပြန်ကာသတိရမိလို့ လွမ်းမိပြန်တယ်.....


အေးမြချမ်းစိမ့် ဒီဇင်ဘာမှာ

လေရူးတွေ အသားကိုခလုတ်တိုက်တိုင်း

နှင်းမြူတွေ ခုန်ပေါက်ဆော့ကစားတိုင်း

အပြုံးတွေက တ၀က်တပျက်

မာနတွေက ဒေါသထွက်လို့

ငယ်ဟာ ..... လွမ်းနေမိပြန်တယ် ....


ဒီဇင်ဘာရဲ့ ပုံရိပ်တိုင်းဟာ

ငယ့်အတွက်တော့ ကာရံမညီ

လင်္ကာမစုံ ငေးမောလွမ်းဆွတ်

မျှော်လင့်တမ်းတ ရသမျိုးစုံ

ပေးစွမ်းနိုင်တာ အမှန်ပါပဲ....



0 comments: