ယောင်္ကျားများ၏ အချစ်ဇယား

Sunday, December 23, 2007

ဒီကဗျာ ဘယ်သူရေးလဲဆိုတာတော့ ငယ် မသိပါဘူး......။ ဒါပေမယ့် အားလုံးကို ဟာသအနေနဲ့ မျှဝေချင်လို့ တင်လိုက်ပါတယ်....။ မှန်တယ်မှားတယ်ဆိုတာကတော့ ဖတ်တဲ့လူအပေါ်မှာပဲ မူတည်မယ်ထင်ပါတယ်......။



ဒီတစ်ယောက်က အချစ်ဦးမို့

တစ်သက်မမေ့နိုင် ဖြစ်ရသည်။


ဒုတိယတစ်ယောက်က ချစ်စရာလေးမို့

ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်။


ဟောဒီတစ်ယောက်က အပျံစားလေးမို့

လူတွေအားကျအောင် တွဲလိုက်မည်။


ဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့

သူ့နှုတ်ခမ်းလေးကို စွဲလမ်းသည်။


အဲ့ဒီတစ်ယောက်က တိုင်ရင်းသူလေးမို့

အသံဝဲလေးကို ချစ်မိသည်။


စေ့စပ်ထားတဲ့ ကောင်မလေးက

အိနြေ္ဒရှင်လေးမို့ လက်မလွှတ်ချင်အောင်ဖြစ်ပါသည်


အထက်ပါခြောက်ယောက် ရက်တွေပြည့်လို့

တနင်္ဂနွေ ပိုသေးသည်။


စိတ်ဝင်စားလျှင် လျှောက်လွှာတင်ပါ

တနင်္ဂနွေအားသူဖြစ်ရမည်။



0 comments: