သီအိုရီ

Thursday, December 20, 2007

ငယ်ဆူးအိမ်

ကမ္ဘာဦးအစက

အာဒမ်နဲ့ဧ၀တို့ရဲ့ အချစ်ဟာ

ဧဒင်ဥယျာဉ်ထဲမှာ ပေါက်ဖွားခဲ့တယ်။


နှစ်တွေသာပြောင်းလို့လာတယ်ဲ

ဒီအချစ်တွေက ဆက်လက်ရှင်သန်လို့

ကိုယ်နဲ့မင်းရဲ့ နှလုံးသားထဲမှာလည်း

ပေါက်ဖွားခဲ့ပြန်ပြီ.......။


ဒါပေမယ့်

ဧဒင်ဥယျာဉ်ထဲမှာ မဟုတ်တဲ့

သစ်ပင်သစ်ရိပ် စက္ကူပန်းတွေပွင့်တဲ့

ကျောင်းတော်ကြီးထဲမှာပေါ့......။


အိုင်းစတိုင်းမသိတဲ့ အချစ်ရဲ့ပေါက်ကွဲနှုန်းဟာ

အဆုံးမဲ့ ........။

နယူတန်မသိတဲ့ အချစ်ရဲ့ဆွဲငင်အားဟာ

အဆုံးမဲ့ .........။

ဒါဆို.....

ဘယ်သူမှမသိတဲ့ တို့နှစ်ယောက်ရဲ့

ပေးဆပ်မှုတွေနဲ့ မျှော်လင့်ခြင်းတွေကလည်း

အဆုံးမဲ့ပဲပေါ့ .........။


0 comments: