Law

Wednesday, December 19, 2007

ပုဒ်မ(၁)

ပိုးပန်းသူများသော အမျိုးသမီးများသည် မိမိနှစ်သက်ရာ တစ်ဦးတစ်ယောက်ကို ရွေးချယ်ပြီး ကျန်သော ယောင်္ကျားလေးများအား လိုအပ်နေသော သူများထံသို့ လွှဲပြောင်းပေးရမည်။

ပုဒ်မ(၂)

ပူအိုက်သောရာသီတွင် ရင်စေ့၊ လက်ရှည်၊ ထမီနှင့် လုံအောင်ဖုံးထားသော အမျိုးသမီးများအား “ဘဘာဝ အလှတရားကို အံတုသူများ”အဖြစ် အရေးယူရမည်။ (ဤမျှနှင့် မလုံလောက်ပါက အတိုအပြတ် မ၀တ်သောသူများကို ဒေဒဏ်ပေးမည်ဖြစ်သည်။)

ပုဒ်မ(၃)

ယောင်္ကျားတို့ကို ဂရုမစိုက်သော အမျိုးသမီးများအား “ဒုက္ခရောက်နေသူကို လျစ်လျူရှုမှု”ဖြင့် လည်းကောင်း။

ချစ်စဖွယ်စကားဆိုပြီး ညာညာခိုင်းတတ်သော အမျိုးသမီးများအား “လုပ်အားခမပေးဘဲ စေခိုင်းမှု” ဖြင့် လည်းကောင်း .......။

ချစ်သူရှိသော အမျိုးသားတစ်ဦးကို အခြားအမျိုးသမီးတစ်ဦးမှ ချစ်စဖွယ်အမူအယာများဖြင့် ချဉ်းကပ်သိမ်းသွင်းခြင်းကို “နွားခိုးမှု”ဖြင့် လည်းကောင်း ...... အရေးယူမည်။

ပုဒ်မ(၄)

မိဘချင်း ရင်းနှီးမှုကို အသုံးချ၍ ချဉ်းကပ်လာသော အမျိုးသားများအား “ယုံကြည်မှုအား အလွဲသုံး စားပြုမှု”ဖြင့် လည်းကောင်း .........။

ရည်းစားထည်လဲတွဲတတ်သူများအား “ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားပြုမှု”ဖြင့် လည်းကောင်း .....။

မိမိ၏ချစ်သူအား လက်ဖျားနှင့်ပင်မထိ၊ shopping mall၊ လှော်ကား၊ ချောင်းသာ၊ Asia Plaza Hotel (သည်းခံပါ) စသော သမီးရည်းစားတို့၏ ဆောင်ရွက်ဖွယ် ကိစ္စအ၀၀တို့ကို မပြုလုပ်ပါက “အလုပ်တာဝန် လစ်ဟင်းမှု” ဖြင့်လည်းကောင်း အရေးယူမည်။

ပုဒ်မ(၅)

အိမ်ထောင်ရှိ မိန်းမတို့ကို ပိုးပမ်းသူယောင်္ကျားများအား “တားမြစ်နယ်မြေတွင် အမဲလိုက်မှု”ဖြင့် အရေးယူမည်။

သူတစ်ပါး၏ ယောင်္ကျားနှင့် ပေါင်းသင်းနေထိုင်သူ အမျိုးသမီးများကို “မီတာဘောက်စ် မထားဘဲ လျှပ်စစ်ဓါတ်အားကို ခိုးယူသုံးစွဲမှု”ဖြင့် အရေးယူသည်။

ပုဒ်မ(၆)

အသက်(၂၅)နှစ်ပြည့်သူ အမျိုးသား၊ အမျိုးသမီးတိုင်း အိမ်ထောင်မပြုရသေးလျှင် “မိဘကို ဒုက္ခပေးသူ” အဖြစ် အရေးယူမည်။

0 comments: