မင်းရဲ့အဝေးမှာ

Sunday, December 9, 2007

ငယ်ဆူးအိမ်

ချစ်သူရယ်

မင်းရဲ့အဝေးမှာ

ကိုယ့်ရဲ့အပြုံးပွင့်တွေဟာ အသက်မဲ့လို့

ကိုယ့်ရဲ့အပြောတွေဟာလည်း အခါးဖက်ကာ

ကိုယ့်ရဲ့လှုပ်ရှားမှုတိုင်းဟာလည်း နှေးကွေးလို့နေတယ်.....။


မင်းကိုတမ်းတမိနေတဲ့စိတ်တွေက

လူတစ်ကိုယ်လုံးကိုနှိပ်စက်လို့

ကိုယ့်မှာ ခံနိုင်ရည်မရှိတော့ဘူး ချစ်သူ.......။


ဒီအလွမ်းသံစဉ်တွေကြားမှာ

ကိုယ်ဟာလွင့်မျောလို့

ဝေယံထက်က တိမ်တိုက်တိမ်မြူတွေအလား

ကိုယ့်ရဲ့စိတ်တွေဟာ တည်ငြိမ်မှုကင်းမဲ့နေတယ်.....။


ဖြစ်နိုင်မယ်ဆိုရင်ပေါ့

မင်းရဲ့အနားနားမှာ နေချင်တယ်

မင်းရဲ့နံဘေးမှာ တီတီတာတာပြောလို့

မင်းရဲ့ရင်ခွင်မှာ ချွဲနွဲ့လို့နေချင်တယ် ......။


0 comments: