ချစ်တတ်မယ်ဆိုရင်

Sunday, July 27, 2008


သူငယ်ချင်းတွေနဲ့ပျော်ပါးသောက်စား

တခါတလေဆိုတဲ့ခေါင်းစဉ်အောက်မှာ ငါ အပြစ်မပြောလိုပါဘူး

စိုးရိမ်စိတ်နဲ့ ဖုန်းခဏခဏခေါ်နေခဲ့မိတာ

ဒါကိုများ မင်းကအယုံအကြည်မဲ့တယ်တဲ့လား

မင်း တကယ်တမ်းသာချစ်တတ်မယ်ဆိုရင်

ချစ်သူရဲ့ဂရုစိုက်မှု ရယူပိုင်ဆိုင်နေတဲ့မင်း ကျေနပ်နေရမယ်လေ။


မင်းသွားလိုရာအရပ် မသွားနဲ့လို့ငါမတားခဲ့ဘူး

မင်းသွားရာနောက် တကောက်ကောက်လိုက်ချင်တာ ငါ့ရဲ့ဆန္ဒ

ဒါကိုများ မင်းကချုပ်ချယ်တယ်တဲ့လား

မင်း တကယ်တမ်းသာချစ်တတ်မယ်ဆိုရင်

ချစ်သူနဲ့သွားတဲ့ခရီး မင်းပျော်နေသင့်တာပေါ့။


ဘ၀ကိုတယောက်တည်းလျှောက်လမ်း

ရှေ့အနာဂတ် အိပ်မက်တစ်ခုကိုပုံဖော်နေတဲ့ မင်း

မင်း…. ကလေးမဟုတ်မှန်းတော့ ငါသိတာပေါ့။

ဒါပေမယ့် ငါ့ အနားမှာမရှိတဲ့မင်း

ချစ်တဲ့စိတ်နဲ့ မင်းအတွက်စိုးရိမ်နေခဲ့မိတာ

တရားလွန်တယ်လို့ မင်းမို့လို့ ပြောရက်တယ်နော်

မင်းသာ ချစ်တတ်သွားမယ်ဆိုရင် ရှင်းမပြလည်းမင်းနားလည်မှာပါ။


အရှက်နဲ့သိက္ခာကိုခ၀ါချ

သိပ်ချစ်ခဲ့တဲ့ချစ်သူကို

မင်းမို့လို့ အရက်ဝိုင်းလောက်တောင်

တန်ဖိုးမထားတာ

ငါက ဘာကြေင့်ဆက်ချစ်နေရဦးမှာလဲ…॥ သွားစမ်းပါကွာ။




ပေးဆပ်ခြင်းရဲ့ပုံရိပ်



မချစ်တတ်တဲ့မင်းနှလုံးသား

ချစ်တတ်လာဖို့အတွက်

စွန်းထင်းခြင်းကင်းမဲ့ အဖြူရောင်နှလုံးသားတစ်စုံ

ငါ…….. ပုံပေးခဲ့တယ်။

ဒါပေမယ့် မင်းကတော့

အချစ်ဆိုတာကိုနားမလည်သေးဘူး။


ဘ၀အစမလှခဲ့တဲ့မင်း

မင်းပျော်ရွင်နိုင်ဖို့အတွက်

အပြစ်မဲ့တဲ့ အဖြူရောင်မျက်ရည်တွေကို

ငါ……… ရွာသွန်းစေခဲ့တယ်

ဒါပေမယ့် မင်းကတော့ မျက်ရည်တွေရဲ့နာကျင်မှုကိုနားမလည်ပါလား။


တွေဝေနေတဲ့မင်းရဲ့စိတ်တွေ

မနာကျင်ဖို့အတွက်

အကြောင်းပြချက်မဲ့ ငါနားလည်ခွင့်လွတ်ပေးခဲ့တယ်။

ဒါပေမယ့် မင်းကတော့ တစ်ကိုယ်ကောင်းဆန်နေတုန်းပဲ။


အစကတော့

တွေဝေခြောက်ခြား မင်းရဲ့ဘ၀ကို ငါသနားတယ်

ငါ့ဘ၀တစ်ခုလုံး ပုံပေးခဲ့မိတဲ့အထိပေါ့

အခုတော

̏အလိုလိုက် အမိုက်စော်ကား˝

သဲခြေပျက်တဲ့ မင်း

သွေးအေးအေးနဲ့ရက်စက်တတ်တာ ငါ မအံ့သြတော့ပါဘူး။


ငါတစ်ယောက်တည်း

Tuesday, July 15, 2008



တခါတလေ ခံစားချက်မဲ့

အဖြူရောင်တိမ်တိုက် ပြာလွင်တဲ့မိုးသားတွေထဲလွင့်မျော

တခါတလေတော့ ငါဆွေးနေမိတယ်။


အလွမ်းတွေကိုထုတ်ပိုး စွေနေတဲ့မိုးသားတွေထဲ

မင်းကိုများတွေ့ရမလားလို့ ငေးရှာနေရတဲ့ ငါ့ရဲ့အဖြစ်

ရယ်စရာတော့ကောင်းနေပြီ။


ငှက်ကလေးတွေလည်း ၀ဲပျံ

လူတွေလည်း သက်ဝင်လှုပ်ရှား

ဒါဏ်ရာတွေနဲ့ငေးငိုင်နေတာ ငါတစ်ယောက်တည်း….။


ငှက်ကလေးတွေလည်း တေးဆို

လူတွေလည်း ခေါ်ပြောနှုတ်ဆက်

အတွေးတွေနဲ့ဆွံ့အနေတာလည်း ငါတစ်ယောက်တည်း……။


လေပြေလေးတွေက ငါ့ကိုကျီဆယ်

သီချင်းသံစဉ်တွေလည်း ငါ့ကိုနှိမ့်သိမ့်

နာရီလက်တံတွေကတော့ ငါကိုအချက်ပြနေတယ်

ဘရိတ်အုပ်လို့မရတော့တာက ငါ့နှလုံးသား။


ငှက်ကလေးတွေလို လွတ်လပ်စွာပျံသန်းချင်တယ်

သီချင်းတွေလို ငါ့ရင်ခုန်သံတွေ လှပစေချင်တယ်

ဒါပေမယ့်….. ဘယ်ဖြစ်နိုင်မှာလဲ

မင်းမရှိတဲ့ ဒီဘ၀မှာ။


မင်းနဲ့ငါ



I love you!

မင်း အမြဲသုံးခဲ့တာလေ

ငါ ယုံတယ်လို့မင်းထင်လို့လား

တကယ်တော့ ငါမယုံဘူး….. မင်းကိုတကယ်ချစ်ခဲ့မိလို့…..။


I miss you!

အနှစ်မပါ ရင်ဗလာနဲ့

မင်းပြောတတ်တာ ငါသိသားပဲ

ဒါပေမယ့် ငါက မင်းကိုအမြဲတမ်းလွမ်းနေခဲ့မိတာ….။


I won’t make you upset anymore!

ဒီလိုပြန်ချော့တတ်တာ မင်းအကျင့်ပဲလေ

မင်းထင်သလို ငါမပျော့ညံ့သေးပါဘူး

အဓိပ္ပါယ်မဲ့ မင်းကို မခံစားစေချင်ခဲ့တဲ့အတွက်ကြောင့်ပါ………။


Don’t leave me alone!

အနားမှာအမြဲနေဖို့ ကတိပေးတတ်တာ မင်း

မပြတ်မသားဖြစ်နေတာကလည်း မင်း

မင်းအနားက ထွက်မသွားချင်ခဲ့တာက ငါပါ……….။


မင်း ပြောတဲ့စကားလုံးတိုင်း

မှတ်ထားတတ်တာ ငါ့ရဲ့အကျင့်

မင်း လုပ်ချင်ရာလုပ်သွားပြီး

မျက်ရည်တွေနဲ့ကျန်ခဲ့တာလည်း ငါ့ရဲ့အကျင့်

ဒါပေမယ့် ငါမင်းကို မစွန့်လွှတ်နိုင်သေးဘူး ….. ချစ်သူ။


တကယ်ချစ်ရင်

Wednesday, July 2, 2008

ပြန်လာလှည့်ပါ

မညာနဲ့တော့

ရူးခဲ့ရပြီကွယ်

တိတ်တိတ်လေး

ကြွေလွယ်သူကို ခြွေတာလား

Tuesday, July 1, 2008


ဆုံးဖြတ်ပိုင်ခွင့်မရှိသူကိုမှ

ဘာကြောင့်များ ရွေးချယ်ခိုင်းရတာလဲ

ကိုယ်က အဆိပ်မိနေတဲ့လူတစ်ယောက်

ရွေးချယ်စရာလမ်းဆိုတာ ရှိသေးလို့လား ချစ်သူ…॥။


သနားတယ်ဆိုတဲ့ မင်းရဲ့အကြည့်တွေ

̏မင်းကျေနပ်ရင်ပြီးတာပါပဲ˝ဆိုတဲ့ လိုက်လျောမှုတွေ

ရုပ်သေးရုပ်တစ်ခုလို ငါ့ကိုပုံသွင်း

တကယ်တော့ ငါ့အသဲတွေကို ခြွေနေခဲ့တာ။


တစ်ရက်ပြီးတစ်ရက်တိုးတိုင်း

ရက်တွေနဲ့ထပ်တူ ပိုချစ်တတ်လာတဲ့ငါ့နှလုံးသား

အလွမ်းတွေကိုလည်း မရှောင်နိုင်ဘူးလေ

နောက်ဆုံးတော့ နာကျင်မှုတွေကို ခံစားရပြန်ရော….

ကြွေလွယ်သူကို ခြွေတာလားကွယ်………।။


ချစ်သူကို လွမ်းရတဲ့နေ့ရက်တွေ

မိုးပေါ်က လမင်းရဲ့ပြုစားခြင်းနဲ့အတူ

အလွမ်းနဲ့ရစ်နှောင်ဆဲ ငိုကြွင်းနေတဲ့ နှလုံးသားတစ်စုံ

အဆုံးစွန်ထိ ချစ်တတ်ပေမယ့်

ထားရစ်ခြင်းမခံရအောင်တော့ ငါမလုပ်တတ်သေးဘူး

အချစ်စစ်မို့ မာယာတွေနဲ့ရန်ဖြစ်ထားတယ်…॥ ချစ်သူ။