ကျေးဇူးပါပဲ ..... ချစ်သူ
ငယ်ဆူးအိမ်
ချစ်သူ.......
“ခွင့်လွှတ်ပါ”လို့ မတောင်းဆိုချင်ပေမယ့်
နားလည်ပေးပါလို့လည်း ပြောစရာမလိုလောက်အောင်
ကိုယ့်ကို အမြဲတမ်းနားလည်ခွင့်လွှတ်ခဲ့တဲ့မင်း
မင်းရဲ့နားလည်မှုတွေကိုတော့ ငတ်မွတ်နေတုန်းပဲ..... ချစ်သူ
အဖြူရောင်သက်သက် မင်းနှလုံးသား
နက်ရှိုင်းလွန်းတဲ့ မင်းရဲ့အချစ်
ချစ်တတ်လွန်းခဲ့တဲ့ မင်းကို
လမ်းခွဲစကားတွေပြောပြီး မထားခဲ့ရက်ပေမယ့်
ကိုယ့်ရဲ့အပြတ်သားမှုတွေကြောင့်
မင်းကို နာကျင်စေခဲ့တာ ကိုယ်မငြင်းပါဘူး .... ချစ်သူ
စကားလုံးပေါင်းများစွာရဲ့နောက်
များစွာသော“ဒါပေမယ့်”တွေ
ရင်နဲ့အပြည့် မျိုသိမ့်ထားတာ
မင်းမသိနိုင်ခဲ့ပေမယ့်
ဒီအချိန်မှာ မင်းကိုဝေဒနာပေးမယ့်သူတစ်ယောက် မဟုတ်ပါဘူး.....။
ရစ်ပတ်နှောင်ဖွဲ့ သံယောဇဉ်နွယ်
ရင်ခုန်သံကြားက ချစ်သူတွေပေမယ့်
တွေ့ဆုံကြုံကွဲ သဘာဝတရား
ဖူးစာမပါ ကံမဆုံတော့
ဒီလောက်နဲ့ပဲ လမ်းခွဲလိုက်တာ
ဘာဆန်းသလဲ ၀မ်းမနည်းပါနဲ့ ...... ချစ်သူ
တစ်စုံတရာ စွဲလမ်းမှုကြောင့်
တစ်စုံတရာအပေါ် တွေဝေနေမှုကြောင့်
ခံစားရတဲ့ ကိုယ်နဲ့မင်းဟာ
တကယ်တမ်းမှာတော့
ဘယ်တော့မှ မုန်းမသွားနိုင်မယ့်
ဘယ်သူမှ မသိရှိနိုင်မယ့်
ရင်ခုန်သံတွေကြားက ချစ်သူတွေပါ .....
ဘာမှပြောဖို့ မသင့်တော်တော့တဲ့ အခြေအနေမှာ
ဘာကိုမှ ရှင်းရှင်းလင်းလင်း ပြောမပြနိုင်တဲ့ ဒီအချိန်မှာ
အရာအားလုံးအတွက် ကျေးဇူးပါပဲ ..... ချစ်သူ
Posted by ငယ်ဆူးအိမ် at 12:11 AM 0 comments
Labels: ကဗျာ
မင်းရဲ့အဝေးမှာ
Sunday, December 9, 2007ငယ်ဆူးအိမ်
ချစ်သူရယ်
မင်းရဲ့အဝေးမှာ
ကိုယ့်ရဲ့အပြုံးပွင့်တွေဟာ အသက်မဲ့လို့
ကိုယ့်ရဲ့အပြောတွေဟာလည်း အခါးဖက်ကာ
ကိုယ့်ရဲ့လှုပ်ရှားမှုတိုင်းဟာလည်း နှေးကွေးလို့နေတယ်.....။
မင်းကိုတမ်းတမိနေတဲ့စိတ်တွေက
လူတစ်ကိုယ်လုံးကိုနှိပ်စက်လို့
ကိုယ့်မှာ ခံနိုင်ရည်မရှိတော့ဘူး ချစ်သူ.......။
ဒီအလွမ်းသံစဉ်တွေကြားမှာ
ကိုယ်ဟာလွင့်မျောလို့
ဝေယံထက်က တိမ်တိုက်တိမ်မြူတွေအလား
ကိုယ့်ရဲ့စိတ်တွေဟာ တည်ငြိမ်မှုကင်းမဲ့နေတယ်.....။
ဖြစ်နိုင်မယ်ဆိုရင်ပေါ့
မင်းရဲ့အနားနားမှာ နေချင်တယ်
မင်းရဲ့နံဘေးမှာ တီတီတာတာပြောလို့
မင်းရဲ့ရင်ခွင်မှာ ချွဲနွဲ့လို့နေချင်တယ် ......။
Posted by ငယ်ဆူးအိမ် at 12:09 AM 0 comments
Labels: ကဗျာ
သံပတ်နှလုံးသား
Saturday, December 8, 2007ငယ်ဆူးအိမ်
ချစ်သူ.....
မင်းကို မမြင်မတွေ့ရတဲ့ နေ့တွေဆိုရင်
မင်းကို တစိမ့်စိမ့်လွမ်းအောင်
ကိုယ့်နှလုံးသားကို ဘယ်လိုများ သံပတ်ပေးထားခဲ့တာလဲ.....။
ကိုယ့်အနားမှာ မင်းမရှိတဲ့အချိန်တွေဆိုရင်
အထီးကျန်ဆန်တဲ့ခံစားမှု
ကိုယ့်ရင်ခုန်သံတွေကို မင်းဘယ်လိုများ သံစဉ်ညှိသွားခဲ့တာလဲ.....။
နေမင်းကြီးက နှုတ်ဆက်လိုက်၊
ကြယ်စင်တွေနဲ့လစန္ဒာလည်း ပျောက်ကွယ်သွားလိုက်
နေ့တွေညတွေသာ ပြောင်းလဲသွားတယ်
ကိုယ့်အတွေးထဲမှာတော့ မင်းအကြောင်းက စွဲထင်လို့နေဆဲ
ကိုယ့်အာရုံတွေကို မင်းဘယ်လိုများ အမိန့်ပေးခဲ့တာလဲ.....။
မင်းအတွက်ဆိုရင်ပေါ့
ကိုယ့်ရဲ့နေ့တွေရော ညတွေပါမကလို့
ကိုယ့်ဘ၀တစ်ခုလုံး ကုန်ဆုံးသွားရင်တောင်
ကိုယ့်အနားမှာ မင်းရှိမယ်ဆိုရင် ကျေနပ်ပါတယ်......။
Posted by ငယ်ဆူးအိမ် at 11:41 PM 1 comments
Labels: ကဗျာ
Father
Thursday, December 6, 2007ငယ်ဆူးအိမ်
Everywhere I go I see a father
Then I always think "why don't I have a father beside me"
I know the painful answer yet I hate it so much
I am searching for the love I never had
A love which I deserve and have been denied for too long
Words can't describe the pain I suffer
I am so alone in my bed and stay in the dark
Praying to survive and listening to nightly whispers
Sometime I wish I could go back and change things like in the past
A father love
No one can replace a father's love
The pain of loss is too much
Posted by ငယ်ဆူးအိမ် at 12:34 AM 0 comments
Labels: ကဗျာ
ဒီဇင်ဘာ
Wednesday, December 5, 2007“ဒီဇင်ဘာ”ဆိုတဲ့ လလေးတစ်လ
ရောက်လာပြန်တော့ အာရုံတွေက
မဟောင်းနိုင်တဲ့ အတိတ်ရက်စွဲဆီသို့
ပြန်ကာသတိရမိလို့ လွမ်းမိပြန်တယ်.....
အေးမြချမ်းစိမ့် ဒီဇင်ဘာမှာ
လေရူးတွေ အသားကိုခလုတ်တိုက်တိုင်း
နှင်းမြူတွေ ခုန်ပေါက်ဆော့ကစားတိုင်း
အပြုံးတွေက တ၀က်တပျက်
မာနတွေက ဒေါသထွက်လို့
ငယ်ဟာ ..... လွမ်းနေမိပြန်တယ် ....
ဒီဇင်ဘာရဲ့ ပုံရိပ်တိုင်းဟာ
ငယ့်အတွက်တော့ ကာရံမညီ
လင်္ကာမစုံ ငေးမောလွမ်းဆွတ်
မျှော်လင့်တမ်းတ ရသမျိုးစုံ
ပေးစွမ်းနိုင်တာ အမှန်ပါပဲ....
Posted by ငယ်ဆူးအိမ် at 4:39 PM 0 comments
Labels: ကဗျာ
သစ္စာရှိစွာ လွမ်းနေပေးပါ
ဘယ်ဘ၀ရေစက်ကြောင့်
အခုလိုဆုံတွေ့ခဲ့ကြ
ခင်မင်မှုလေးများ ကြာလာတာနဲ့အမျှ
သံယောဇဉ်ငြိတွယ်
ဘယ်သောအခါမှ မမေ့ကြေးနော် ......။
နှစ်ယောက်အတူ
အိမ်မက်တွေကို အလှပဆုံးထုဆစ်
အချစ်တွေကိုဖလှယ်
နားလည်မှုတည်ဆောက်ရင်း
ဘယ်လိုအခက်အခဲတွေရှိပါစေ
ရဲရဲသာလက်တွဲလို့
ဖြူစင်စွာချစ်သွားမယ့် တို့နှစ်ယောက်
အဆုံးသတ်မှာ မနှုတ်ဆက်ကြကြေးနော် ......။
ခွဲခွာနေရမယ့်နေ့ရက်တွေတိုင်း
သစ္စာရှိစွာ လွမ်းနေပေးပါ .......
ပြန်ဆုံမယ့်နေ့ရက်တွေကို
ယုံကြည်စွာနဲ့ မျှော်လင့်နေပါ .......
မင်းကိုသိပ်ချစ်မိသွားတဲ့
အဖြူရောင်နှလုံးသားတစ်စုံ
လက်ဆောင်အဖြစ် မင်းကိုအပိုင်ပေးချင်တယ် .......။
Posted by ငယ်ဆူးအိမ် at 4:32 PM 0 comments
Labels: ကဗျာ
အိမ်မက်ဆန္ဒ
Sunday, December 2, 2007ငယ်ဆူးအိမ်
မဟူရာကောင်းကင်ကြီးထဲက
လင်းလက်နေတဲ့ ကြယ်ပွင့်ကလေးတွေကို
မင်းနဲ့အတူ
ရေတွက်ချင်နေမိတယ် .........။
သိပ်ချမ်းတဲ့ဆောင်းညတွေထဲ
မင်းရင်ခွင်မှာ ခေါင်းကလေးဝှက်လို့
မင်းနဲ့အတူ
အအေးဒါဏ်တွေကို အံတုချင်နေမိတယ် ........။
ငါတို့ရဲ့  အချစ်ကမ္ဘာထဲ
မင်းပုခုံးလေးမှီလို့
မင်းနဲ့အတူ
အိမ်မက်တွေကို ထုဆစ်ချင်နေမိတယ် ........။
တကယ်တမ်းမှာတော့
သန်းခေါင်ယံညတွေထဲ
ငါ့အနားမှာ ဘယ်သူမှမရှိ
ငါလိုအပ်တဲ့ မင်းရင်ခွင်တစ်စုံဟာလည်း
အဝေးဆုံးမှာပါပဲလား ....... ချစ်သူရယ်.....
Posted by ငယ်ဆူးအိမ် at 1:36 PM 0 comments
Labels: ကဗျာ