ချစ်စိတ်

Tuesday, August 12, 2008

သူ့အသံဝဲ၀ဲလေးတွေကြားမှာ

ငါအိပ်မောကျခဲ့ဖူးတယ်။


သူ့အပြောပြတ်ပြတ်တွေအောက်မှာလဲ

ငါ့နှုတ်ခမ်းဖျားတွေ ဆွံ့အခဲ့ဖူးတယ်။


သူ့ဓါတ်ပုံမပီမပြင်ကိုကြည့်ပြီးတော့လည်း

ငါရူးသွပ်ခဲ့ဖူးတယ်။


သူ့အကြည့်စိမ်းစိမ်းတွေအောက်မှာ

ရင်ဘတ်တစ်ခုလုံးပြောင်းဆန်သွားခဲ့ရတာချည်းပါပဲ။


စကားလုံးတွေ စိတ်ကူးနှင့်တန်းစီထားပေမယ့်

စိတ်ကူးက စိတ်ကူးပါပဲ

သူ့အရှေ့မှာ ဆွံ့အလို့

ငါဟာ အလိုလိုနေရင်း ရှုံးနိမ့်ခဲ့ပြန်ပါပြီ။



0 comments: