အာကာသဟင်းလင်းပြင်မှာ ကိုယ်ဟာလွင့်မျောခုန်ပေါက်
နာရီလက်တံတွေ တချက်ချက်မြည်သလို အချိန်တွေဟာစီးဆင်းနေတယ်…….။
ရှင်လျက်နဲ့သေနေတာက ငါ့ဘ၀။
စစ်မှန်တဲ့ ငါ့ရဲ့ရင်ခုန်သံ
အနူးညံ့ဆုံး မင်းအတွက် တေးတစ်ပုဒ်ဖွဲ့ဆိုလို့
စိုးမိုးနိုင်စွမ်းရှိတဲ့ မင်းရဲ့အပြုံးတွေအောက်မှာ သံစဉ်တွေဟာ လှပနေတယ်…….။
ရယူပိုင်ဆိုင်ဖို့ကိုတောင် ငါမစဉ်းစားဝံ့ခဲ့ဘူး ချစ်သူ။
ဖြူတ်ခနဲကြွေကြွေသွားတဲ့ သစ်ရွက်ကလေးတွေလို
ချစားသွားတဲ့ ငါ့ရဲ့ဒိုင်ယာရီစာအုပ်လေးတွေက ဘ၀တူတွေ
ရေးဆွဲပုံဖေါ်လို့မရနိုင်သေးတဲ့ ပန်းချီကားတစ်ချပ်ကတော့ ငါ့ရင်ဘတ်ထဲမှာရှိတယ်…….။
ကကြိုးတွေရဲ့စေညွန်းချက်အတိုင်း ငါရွေ့လျားနေဦးမယ်။
ငါ အိမ်မက်တွေကြားမှာ ခဏခဏပျော်ဝင်သွားတတ်တယ်
တို့တတွေ အပူအပင်ကင်းလို့ အားလုံးရဲ့ဝေးရာဆီ ခရီးဆက်ကြစို့လား
အားလုံးကိုစွန့်လွှတ်ဖို့ ကိုယ့်မှာအဆင်သင့်ဖြစ်ပေမယ့် မင်းမှာတော့နှောင်ကြိုးတွေနဲ့မို့
လုံးပါးပါးသွားတာက ငါ့ရဲ့မျှော်လင့်ချက်တွေ။
နက်ရှိုင်းလွန်းတဲ့ အချစ်သမုဒယပင်လယ်ထဲ
သက်ဆုံးတိုင်ပေးဆပ်ရင်းနဲ့ ပျော်နေမယ့်သူမို့
ဆိုင်ဂလုန်းမုန်တိုင်း ငါ့ရင်ဘတ်ထဲမှာ တိုက်ခိုက်နေမယ်ဆိုရင်တောင် ငါမမှုဘူး…. ချစ်သူ။
သည်ဘ၀တော့ အရှုံးတွေကို ငါမြတ်နိုးတတ်လာတယ်။
ရှုံးနှိမ့်ခြင်းထဲ ပျော်ဝင်သွားခြင်း
Tuesday, March 18, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment