သံမဏိအသဲမဟုတ်ဘူးလေ ချစ်သူ......

Sunday, January 6, 2008



“ပျော်ပျော်နေပေးပါ ..... ဒါမှ ကိုယ်လည်းပျော်မှာ”တဲ့

ကိုယ်နေချင်ပါတယ် ချစ်သူ......

ကိုယ့်ရဲ့ပျော်ရွင်မှုထက် မင်းရဲ့ဆန္ဒတွေကို ဦးစားပေးခဲ့သူပါ.....


“မငိုပါနဲ့တော့လား..... မျက်ရည်တွေကို ကိုယ်မမြင်ချင်ဘူး”တဲ့

ဘယ်သူကများ ငိုချင်မှာလဲ ချစ်သူရယ်.....

မင်းစိတ်ပျက်သွားမှာကို စိုးရွံ့ခဲ့သူတစ်ယောက်ပါ.....


“ကိုယ့်ကိုစိတ်မဆိုးနဲ့နော်”တဲ့

လုပ်ချင်တာ လုပ်သွားတတ်တဲ့ မင်းကို

ကိုယ် စိတ်ဆိုးခွင့်တောင် မရှိဘူးတဲ့လား ချစ်သူ.....


တစ်ကြိမ်တစ်ခါမက မင်းလိုအပ်တဲ့အချိန်တိုင်း

မင်းအနားမှာ ရှိနေပေးနိုင်ပေမယ့်

သိပ်ချစ်လို့ မင်းကိုနားလည်မှုပေးနိုင်ပေမယ့်

မုသားနှောတဲ့ မင်းရဲ့စကားတွေကို ခွင့်လွှတ်နိုင်ပေမယ့်

ကိုယ့်အသဲက သံမဏိအသဲမဟုတ်ဘူးလေ ချစ်သူ......


1 comments:

သဇင်ဏီ said...

သနားပါတယ်နော်..
အေးလေ သံမဏိအသည်းတော့ဘယ်ဟုတ်မလဲ
ရေခဲလေးတော့စိမ်ထားလိုက်နော..
ဒါမှမာမှာ...ဟီး...
နောက်တာပါ..
ကောင်းတယ်.. ခံစားလို့ရတယ်..