မဖြေပါနဲ့ ချစ်သူ

Friday, January 4, 2008


ချစ်သူ

ကိုယ့်အတွေးတွေကို မင်းစိုးမိုးနေချိန်မှာ

မင်းရဲ့အတွေးတွေထဲမှာတော့

ကိုယ်ဆိုတာ ရှိနေရဲ့လား.....

မဖြေပါနဲ့ ချစ်သူ..... ကိုယ့်မှာ ခံနိုင်ရည်မရှိဘူး.....


ချစ်သူ

ကိုယ်ဟာ မင်းရဲ့အဝေးတနေရာရာ

ဘယ်နေရာကိုပဲရောက်နေရောက်နေ

မင်းကိုသာ လွမ်းရင်းနဲ့တမ်းတနေချိန်မှာ

မင်းရဲ့နဘေးမှာ ဘယ်သူများရှိနေမလဲ.......

မဖြေပါနဲ့ ချစ်သူ ...... ဖြေရှင်းချက်တွေကို မကြားပါရစေနဲ့.......


ချစ်သူ

ကိုယ်ဟာ ဘာတွေကိုပဲလုပ်လုပ်

မင်းအတွက် အမြဲစဉ်းစားပေးနေချိန်မှာ

မင်းရဲ့ဆုံးဖြတ်ချက်တွေတိုင်းမှာ

ကိုယ်ဆိုတဲ့ လူတစ်ယောက်အတွက် စဉ်းစားခဲ့ဖူးလား ........

မဖြေပါနဲ့ချစ်သူ ...... ကိုယ်မင်းကိုနားလည်ပေးမှာပါ......


ချစ်သူရယ်

ရင်နဲ့အမျှခံစားရလည်း ချစ်သလားလို့မေးရင်

ကိုယ်ရိုးသားစွာ ၀န်ခံချင်ပါတယ် .....


နာကျင်ပေမယ့် ခွင့်လွှတ်ဆဲဖြစ်တဲ့

ကိုယ့်နှလုံးသားကို မုန်းသလားလို့မေးရင်

ကိုယ် ပြန်ပြီးဖြေပေးပါ့မယ်........


ဒါပေမယ့်

တကယ်တမ်းလမ်းခွဲဖို့ စိတ်ရှိသလားလို့မေးရင်

ကိုယ့်မှာ မေးခွန်းတွေရှိတယ်........


0 comments: