ချစ်သူသိအောင် ပြောချင်တယ်

Sunday, January 6, 2008



ချစ်သူ

မင်းလုပ်ချင်တာ မှန်သမျှ

မင်းရဲ့အိမ်မက်တွေအတိုင်း ရှေ့ဆက်သွားပါ

ဟိုး..... အဆုံးစွန်ထိပေါ့.....


ချစ်သူ

မင်းသွားချင်တဲ့ အရပ်ဆီ

အတားအဆီးမရှိ လွပ်လပ်စွာပျံသန်းသွားပါ

မင်း မောပန်းသွားတဲ့အထိပေါ့.....


ချစ်သူ

ကိုယ့်ရဲ့ချစ်ခြင်းတွေကို ဥပေက္ခာပြုလို့

မင်းဆန္ဒအတိုင်း အကောင်အထည်ဖော်ပါ

မင်း ပျော်သလောက်ပေါ့......


ဘ၀တစ်ခုလုံးပုံအောပြီး ချစ်ခဲ့တဲ့ကိုယ့်ကို

မင်း ရက်စက်နိုင်ပါတယ်

ဒါပေမယ့်

ဘယ်တော့မှ မင်းကို အမိန့်ပေးတားဆီးမှာ မဟုတ်သလို

ကိုယ် မင်းကိုမုန်းမေ့သွားမှာ မဟုတ်ပါဘူး......


မျက်ရည်တွေနဲ့အပြိုင် နှောင်ဖွဲ့ခဲ့တဲ့ကြိုး

နားလည်အရှုံးပေးမှုတွေနဲ့ ဖြစ်တည်ခဲ့တဲ့ချစ်ခြင်း

မင်းမို့လို့ စွန့်ပစ်ရက်ခဲ့မယ်ဆိုရင်တောင်

ကိုယ့်မှာ တကယ် အင်အားမရှိဘူး ချစ်သူ......။


0 comments: