ရင်ခုန်သံကို မလှည့်စားချင်ပါနဲ့

Thursday, January 10, 2008


ချစ်သူ.........

မင်းရင်ထဲကစကားတွေ

ကိုယ်ကြားအောင်ပြောပေးပါ.... တိုးတိုးလေးဖြင့်ဖြင့်ပေါ့....

မင်းရဲ့ အရင်ကအတိတ်အကြောင်း

မင်းရဲ့ အခုလက်ရှိအခြေအနေ

ယုံကြည်စွာ ကိုယ့်ကိုပြောပြပါ ..... လိမ်ညာလှည့်စားခြင်း ကင်းစွာနဲ့ပေါ့.....

ကိုယ် မင်းကိုအဆုံးစွန်ထိ နားလည်မှုပေးချင်တယ်......


မင်း ၀မ်းနည်းတဲ့အခါ

ကိုယ့်အရှေ့မှာ မင်းငိုလိုက်စမ်းပါ ...... ကိုယ့်ပုခုံးထက်မှာပေါ့.....

မင်းရင်ထဲရှိသမျှ အချစ်အမုန်း

မင်းဖြစ်ချင်တဲ့ဆန္ဒ၊ မင်းစွန့်ပစ်ချင်တဲ့ အရာ

ယုံကြည်စွာ ကိုယ့်ကိုဖွင့်ဆိုပြပါ ...... ထိန်ချန်ဖုံးကွယ်ခြင်း ကင်းစွာနဲ့ပေါ့....

မင်းကို အားလုံးထက်ပိုပြီး နွေးထွေးစွာချစ်ချင်တယ်......


မသိစိတ်က ဖြစ်ပေါ်လာခဲ့တဲ့ချစ်ခြင်း

ဘယ်သူမှခွဲလို့မရအောင် ခိုင်မာနေပါလျှက်

တွေဝေငဲ့ညှာမှုတွေနဲ့ အားပြိုင်ချိန်

ကိုယ့်အသဲကို ကိုယ် ပြန်မခွဲကြေးနော်

ပြန်ဆုံချင်ရင် ရင်ခုန်သံကို မလှည့်စားချင်ပါနဲ့လား .... ချစ်သူ



0 comments: