အဖြူရောင်နယ်မြေ

Monday, November 19, 2007

ငယ်ဆူးအိမ်

သူငယ်ချင်း

အဖြူရောင်နယ်မြေ ဒီနှလုံးသားထဲ

စွန်းထင်ကျန်ရစ် လောင်ကျွမ်းစေမယ့်

အချစ်မီးတွေ ယူမလာပါနဲ့........

ချိုပီးခါးလား ခါးပီးချိုလား

အချစ်ဆိုတဲ့အဓိပ္ပါယ်

ဝေခွဲမတတ်သော်လည်း

ဒီနေရက်သစ်တွေကား

ခုချိန်မှာတော့ နှလုံးသားက

ဘယ်သူကိုမှ လက်မခံချင်ဘူးတဲ့......

ဖြူစင်အေးမြခိုင်မာနေမယ့်

သူငယ်ချင်းဆိုတဲ့

သံယောဇဉ်ကိုး ခိုင်ခိုင်သာချည်လို

အားပေးနှိမ့်သိမ့် ကူညီဖေးမရင်း

မင်းအတွက် တိုဟာ

လရောင်လိုအလင်း ပေးစွမ်းနိုင်ခြင်းမရှိရင်တောင်

ကယ်ပွင့်ကလေးတွေလို လင်းလက်နေမှာပါ

ထာဝရပေါ့ သူငယ်ချင်းရယ် ........


1 comments:

မေပျို said...

ငယ်ရေ
အဖြူေ၇ာင်နယ်မြေဆိုတဲ့ ကဗျာလေးကို သိပ်သဘောကျတာပဲ။ တော်လိုက်တာ သူများတွေများ။ ကဗျာရေးတာကအစ။