ရင်ခွင်တစ်စုံရဲ့ အလွမ်းရိပ်

Thursday, November 15, 2007

ငယ်ဆူးအိမ်

ရင်ခွင်တစ်စုံရဲ့ အလွမ်းရိပ်

မျက်လုံးတစ်မှိတ် လေအဝှေ့မှာ

သစ်ရွက်တွေ မြေပေါ်ကြွေသလို

ဘ၀တွေလည်း ပြောင်းခဲ့ပြီ…….

အခုလိုအချိန်မှာပေါ့

မိသားစုတွေရဲ့အဝေး

တစ်ယောက်ထဲ သိမ်ငယ်အားငယ်နေချိန်

အလွမ်းမိဆုံးကတော့

မိသားစုနဲ့ အိမ်ကလေးပါပဲ……

ငယ်ငယ်တုန်းကပေါ့

နေ့တစ်နေ့ရဲ့အစ ရောင်ခြည်အစပျိုးချိန်

မနက်မနက် အိပ်ရာခေါ်နိုးတတ်တဲ့ မေမေ…..

မေမေ့ရင်ခွင်ထဲတိုးဝှေ့လို့ ချွှဲနွှဲ့ခဲ့ဖူးတယ်။

အခုလိုအချိန်မှာပေါ့

ကိစ္စအ၀၀ ပဲ့ပြင်ဆုံးမ

တည်ငြိမ်စွာ ပြောဆိုနှိမ့်သိမ့်ပေးတတ်တဲ့

မေမေ့ရဲ့ စကားချိုချိုတွေကို လွမ်းတယ်……..

ငယ်ငယ်တုန်းကပေါ့

အားမာန်တွေအပြည့် ယုံကြည်ချက်တွေနဲ့

ကျမရဲ့ရှေ့ဆောင်လမ်းပြ သူရဲကောင်း ဖေဖေ……

ဖေဖေ့ကျောပြင်ပေါ်ခုန်ပေါက်လို့ ကစားခဲ့ဖူးတယ်။

အခုလိုအချိန်မှာပေါ့

ဒါဏ်ရာတွေနဲ့ နာကျင်ကျဆုံးချိန်

နွေးထွေးစွာ ပွေ့ဖက်ထားတတ်တဲ့

ဖေဖေ့ရဲ့ ရင်ခွင်ကျယ်တစ်စုံကို လွမ်းတယ်…….

သူစိမ်းတွေကြား အထီးကျန်ဝမ်းနည်းချိန်

အဖော်ပြုပေးတတ်တဲ့၊ ဖြူစင်စွာအေးပေးတတ်တဲ့

ညီမလေးတွေရဲ့ မာယာမဲ့အပြုံးလှလှကိုလည်း လွမ်းတယ်……..

အဝေးကိုငေးငေးကြည့်တတ်တဲ့

အရောင်မှိန်မှိန်မျက်လုံတစ်စုံ အငိုတိတ်အောင်

အိမ်မက်တွေကို ရေလောင်းပေးတဲ့

ဥယာဉ်မှူးတစ်ယောက်ရဲ့ ဂရုစိုက်ပေးမမှုကိုလည်း လွမ်းတယ်……

အားလုံး အားလုံးကိုပါပဲ

အခုလိုအချိန်မှာပေါ့

အဝေးရောက် ဒီရင်ခွင်က အရမ်းလွမ်းနေတယ်……..


0 comments: