နူးညံ့စွာရူးသွပ်ခြင်း

Wednesday, November 28, 2007

ငယ်ဆူးအိမ်

“သိပ်ချစ်ရပါတယ်” တဲ့

အပ်ကြောင်းထပ်တဲ့ စကားလုံးတွေက

ကိုယ့်ကို အကြွင်းမဲ့ယုံကြည်စေခဲ့ပြီ

ဒါဟာ .... ယုံတမ်းစကားတွေများလား......။

“သစ္စာရှိမယ့်သူပါ”တဲ့

ကိုယ့်ရင်ကိုဖမ်းစား ပြုစားခံထားရသလို

ကိုယ်ရုန်းမထွက်နိုင်တော့ဘူး

ဒါဟာ .... မုသားစကားတွေများလား ......။

“အရမ်းလွမ်းတယ်”တဲ့

အချစ်ဆိပ်ပြင်းတဲ့ မြှားတစ်စင်းမို့လည်း

မရင့်ကျက်သေးတဲ့ ကိုယ့်နှလုံးသား

မင်းရဲ့ရှေ့မှာ ကျဆုံးခဲ့ပြီ

ဒါဟာ ..... အချစ်တဲ့လား ......။

တကယ်ဆိုရင်တော့

အချစ်ဆိုတာ သိပ်ကိုနူးညံ့သိမ်မွေ့ပါတယ်။

ပေးဆပ်မှုတစ်ခုနဲ့အညီ

ရယူပိုင်ဆိုင်မှုတစ်ခုဆိုတာလည်းရှိတော့

မျှော်လင့်နေခဲ့မိတာပေါ့ ချစ်သူ......။

ဒါပေမယ့်လည်း

နူးညံ့မှုတစ်ခုထက်

ရူးသွပ်မှုတစ်ခုကိုသာ အစပျိုးပေးတဲ့

မင်းရဲ့အချစ်နဲ့

မသေချာမရေရာတဲ့ စကားတွေကိုလည်း

ကိုယ် ခုံမင်နေမိဆဲပါပဲ.....။


0 comments: