အချစ်က ဘာများကောင်းလို့လဲ…။
ငါ့ကို အကြိမ်ကြိမ်နာကျင်စေတယ်။
ငါ့ရဲ့အိပ်မက်တွေကို ရပ်တံ့စေတယ်။
ငါ့ဘ၀ကို ဇောက်ထိုးမိုးမျှော်လုပ်ခဲ့တာပဲလေ။
ဒါပေမယ့် ငါ့အချစ်တွေကို အရောင်မပြောင်းလဲနိုင်သေးဘူး…. ချစ်သူ။
အချစ်ဆိုတာ နူးညံ့တယ်
ငါ အကြိမ်ကြိမ်လက်ခံခဲ့တာပဲလေ။
ဒီနူးညံ့မှုတွေကပဲ ငါ့ကိုအနိုင်ယူသွားတာ ခဏခဏပေါ့။
ရူးမိုက်တဲ့ငါ့အချစ်တွေကပဲ တရားလွန်တာလား… ချစ်သူ။
နာကျင်လျှက်နဲ့မစွန့်လွတ်နိုင်တဲ့ စွဲလမ်းမှုတစ်ခု
အတိတ်တွေက ငါ့ကိုလွမ်းမိုး
ငါ့ဆီက ပေးဆပ်မှုတွေကိုသာ မင်းတောင့်တခဲ့တာများလား။
ငါလိုချင်ခဲ့တာက မင်းဆီက အချစ်တွေပါ…. ချစ်သူရယ်။
တိုးတိုးတိတ်တိတ် တိုက်ခတ်နေတဲ့
ညနေခင်းလေပြည်လေးတွေထဲမှာ
မင်းရယ်သံတွေကို ငါကြားတယ်။
ရှုရှိုက်ခဲ့ဖူးတဲ့ ချစ်သူ့ရနံ ငါမမေ့သေးဘူး။
သစ်ရွက်ကြွေသံတစ်ချို့နဲ့အတူ
မင်းခြေသံတွေကိုလည်း ကြားယောင်နေမိဆဲပါပဲ။
တိတ်ဆိတ်ကြွေကွဲမှုတွေနဲ့ ရှင်သန်ခဲ့ရတဲ့ဘ၀မှာ
ဘာကိုမှ အယုံအကြည်မရှိချင်တော့ပေမယ့်
မင်းရဲ့ခေါ်သံတွေကို နားစွင့်နေမိဆဲ
ငါ့နှလုံးသားအိမ်ကလည်း မင်းအတွက် တံခါးတွေစေ့ထားဆဲပါပဲ။
မင်းကို မျှော်နေမိတုန်းပဲ…. ချစ်သူ
ဒါဟာ…… ရိုးသားစွာဝန်ခံခြင်းပါ။
ရိုးသားစွာဝန်ခံခြင်းပါ
Thursday, September 25, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment