နောက်တစ်ယောက်နဲ့မတွေ့ချင်
Tuesday, April 7, 2009Posted by ငယ်ဆူးအိမ် at 1:04 PM 0 comments
Labels: Song
နားခိုရာမဲ့ နှလုံးအိမ်
ခံစားချက်တွေအလယ်
သေချာမှုတွေလမ်းပျောက်
ဒီအတွေးတွေကြားထဲမှာ
နှလုံးသားလေးမွန်းကြပ်နေတယ်။
အပြာရောင်တိမ်တစ
အဖြူရောင်ကြိုးတစ်ချောင်းနဲ့
အထီးကျန်စွန်ကလေးလို
နှလုံးအိမ်လေး ရွက်လွင့်နေတယ်။
ငါ သိပ်မြတ်နိုးခဲ့တဲ့
စကားတစ်ခွန်းနဲ့ အနမ်းတစ်ပွင့်
ဒါဏ်ရာတွေကို တယုတယပွတ်သပ်လို့
ယုံကြည်မှုတွေရဲ့ မပီမသငြီးငြူသံ ကြားလိုက်မိတယ်။
အမြစ်တွယ်နေတဲ့ ချစ်ခြင်းတွေကို
ငါ ဘယ်လိုအမိန့်ပေးရမလဲ….။
မျက်ရည်တွေရဲ့သစ္စရှိမှုကိုရော
ငါ ဘယ်လိုဖျောက်ဖျက်ရက်မှာလဲ…..။
တကယ်တော့လေ
မင်းဟာ သူတို့ရဲ့အရှင်သခင်ပါ။
Posted by ငယ်ဆူးအိမ် at 12:11 PM 1 comments
Labels: ကဗျာ
ရေစိုသွားတဲ့စက္ကန့်တစ်ခု
တခဏလေးငါမေ့မျောခဲ့တယ်
ပြီးတော့ ကျဆုံးခဲ့ပြန်တယ်
အရင်တချိန် ဧပရယ်နွေရဲ့ စက္ကန့်တစ်ခုအောက်မှာပေါ့။
ရေတွေစိုတဲ့ အပြုံးတစ်ခုနဲ့အတူ
အလွမ်းတွေရောက်လာခဲ့တာ အမှတ်တမဲ့
ကျဆုံးတော့မယ့် ချစ်ခြင်းတွေကို သတိမထားမိခဲ့ဘူး
ခုတော့ နေ့စွဲလေးတွေက ဒါဏ်ရာတွေပြည့်လို့။
သေဆုံးနေတဲ့ရွက်ကြွေတွေလို
ကိုယ့်အလွမ်းတွေဟာ အဆိပ်မဲ့နေပေမယ့်
စွဲလမ်းခြင်းတွေကိုမြတ်နိုးတဲ့
ကိုယ့်ချစ်ချင်းတွေဟာ အဆိပ်သင့်ခဲ့ပြီ။
အဆုံးမရှိမဲ့ မျှော်လင့်ချက်လေးတွေကို
မင်း မမြင်ခဲ့တာလား…….
အလွမ်းတွေရဲ့တီးတိုးငိုသံကိုရော
မင်း မကြားခဲ့မိဘူးလား…..
ဖြစ်နိုင်မယ်ဆိုရင်လေ တခဏလေးပဲဖြစ်ဖြစ်
ရေစိုနေတဲ့ မင်းရဲ့အပြုံးတစ်ပွင့်
ဒီဧပရယ်မှာ စွန့်ကြဲလှည့်ပါဦး ကောင်လေးရယ်။
Posted by ငယ်ဆူးအိမ် at 12:34 AM 0 comments
Labels: ကဗျာ
နံရံတွေကြားက နှလုံးသား
Wednesday, October 15, 2008ငါ့ရင်ခွင်ထဲမှာ ချစ်သူရှိနေတယ်
ငါ့အတွေးတွေကို ချစ်သူပိုင်စိုးထားတယ်
တခါတလေ ငါ့ကိုယ်နဲ့ငါ့စိတ် ရန်ဖြစ်ရတဲ့အထိပေါ့။
ချစ်သူ့ရင်ခွင် ငါ့ရဲ့ကမ္ဘာ
ချစ်သူရယ်သံဟာ ငါ့အတွက်ဂီတဖြစ်လို့
ချစ်သူပါပဲ ငါ့ရဲ့အိပ်မက်တွေကိုလှစေခဲ့သူပေါ့။
ချစ်သူနဲ့ပတ်သက်ရင် ငါဟာအဖြူထည်
ချစ်သူရနံ့တွေပါတဲ့ လေပြည်တွေကိုတောင်မှ သိမ်းထားချင်တဲ့သူပါ။
ယခုအချိန်ထိပါပဲ
ငါဟာ အိပ်မက်တွေထဲက မလန့်နိုးနိုင်သေးဘူး။
ပွေ့ဖက်ထားခြင်းခံရတယ်ဆိုရင်တောင်မှ
ငါဟာ အလိုလိုဝမ်းနည်းလာတယ်....
မျက်ရည်တွေက အတားအဆီးမဲ့
ကန့်သတ်ချက်ဆိုတာ ဘာမှန်းကိုငါမသိတော့ဘူး။
ငါကပဲ အချစ်ကြီးလွန်းတာလား
ငါ့ချစ်သူကပဲ တကယ်ကိုနေနိုင်သူများလား။
ကိုယ့်ကိုယ်ကိုယ် လိမ်ညာလှည့်စားတယ်ဆိုတာ
တကယ်ကိုလွယ်တဲ့လုပ်ရပ်တော့ မဟုတ်ဘူး....ချစ်သူ။
တခါတလေ ငါ့ကိုယ်ငါ မုန်းနေမိတဲ့အထိပေါ့။
Posted by ငယ်ဆူးအိမ် at 10:00 PM 2 comments
Labels: ကဗျာ
အရှုံးတွေကို အနိုင်ယူသင့်တယ်
Monday, September 29, 2008ငါနေခဲ့တဲ့ရွာလည်း ပျောက်ပြီ
ငါကြီးပြင်းခဲ့တဲ့ ဒုက္ခသည်စခန်းဆိုတာလည်း
အခုတော့တောရိုင်းကြီးဖြစ်လို့
ငါ့မှာ မွေးရပ်ဇာတိမရှိတော့တဲ့ဘဝ
နှလုံးသားက ဒါဏ်ရာတွေနဲ့အသားကျနေလို့ပေါ့။
အိမ်ကိုတော့ အစိုးရကသိမ်းတယ်
တော်လှန်ရေးကာလတုန်းက အဖိုးက အသတ်ခံရတယ်
အဖွားကတော့ သူပုန်အားကိုးပေါ့
ငါတို့တွေကတော့ ပြည်ပြေးတွေဘ၀ရောက်ခဲ့တယ်။
ပစ်စလက်ခတ်နေ့ရက်တစ်ခုမှာလည်း
ငါတို့တိုင်းပြည် အမှောင်ဖုံးလို့
ဘုန်းကြီးကျောင်းတွေလည်း ချိတ်ပိတ်
ဘုရားကျောင်းတွေလဲ ရေမြုပ်
အော် ဒုက္ခ… ဒုက္ခ
မြေစာပင်ဖြစ်သွားရတာက ငါတို့ပြည်သူတွေပါပဲလား။
မိစ္ဆာတွေကြီးစိုးတဲ့ တို့နိုင်ငံ
အာဏာကိုလက်မလွှတ်ချင်ကြဘူးတဲ့….။
ဒေါသအမုန်းရန်ငြိုးတွေ……….. မီးကုန်ယမ်းကုန်လောင်မြိုက်ကြ
အသက်နဲ့ အရှက်တွေကို ဖက်နဲ့ထုတ်ထားရတဲ့ဒီဘ၀။
မြေမခချင်ပေမယ့် ကြွေခဲ့ရတဲ့မျက်ရည်တွေ
ချမ်းသာပါတယ်ဆိုတဲ့ တို့နိုင်ငံ အကြွေးတွေက၀ိုင်း
ပြည်သူတွေ ငတ်နေခဲ့ကြရတဲ့ရက်တွေကို ရေတွက်ကြည့်စမ်းပါ။
အိပ်မက်တွေပျောက်
အနာဂါတ်တွေမဲ့သွားတဲ့ တို့မျိုးဆက်သစ်တွေ
အသက်ပေးသူတွေ ပေးသွားခဲ့ကြတဲ့ တို့အာဇာနည်တွေ
အရှက်တွေ သိက္ခာတွေနဲ့ရင်း ဘ၀ပျက်သွားကြတဲ့ နိုင်ငံ့သမီးပျိုတွေ
ပြောမကုန်နိုင်တဲ့ ဇာတ်လမ်းတွေ
စကားလုံးတွေနဲ့ဖော်မပြနိုင်တဲ့ ဘ၀တွေ
ဒါတွေ…..
ဒါတွေ….
ဒါတွေ…..
ဒါတွေကို သွေးအေးအေးနဲ့ မေ့ပစ်ကြမှာလား
မလောက်မင တင်းတိမ်ရောင့်ရဲကြတော့မှာလား
အတိတ်တွေကို ခြေရာဖျောက်လို့ရရိုးလား မိတ်ဆွေ
စွန့်လွှတ်မှုတစ်ခုရဲ့အဆုံးသတ်က အရှုံးတွေတော့မဖြစ်သင့်ဘူး။
Posted by ငယ်ဆူးအိမ် at 11:01 AM 1 comments
Labels: ကဗျာ
ရိုးသားစွာဝန်ခံခြင်းပါ
Thursday, September 25, 2008
အချစ်က ဘာများကောင်းလို့လဲ…။
ငါ့ကို အကြိမ်ကြိမ်နာကျင်စေတယ်။
ငါ့ရဲ့အိပ်မက်တွေကို ရပ်တံ့စေတယ်။
ငါ့ဘ၀ကို ဇောက်ထိုးမိုးမျှော်လုပ်ခဲ့တာပဲလေ။
ဒါပေမယ့် ငါ့အချစ်တွေကို အရောင်မပြောင်းလဲနိုင်သေးဘူး…. ချစ်သူ။
အချစ်ဆိုတာ နူးညံ့တယ်
ငါ အကြိမ်ကြိမ်လက်ခံခဲ့တာပဲလေ။
ဒီနူးညံ့မှုတွေကပဲ ငါ့ကိုအနိုင်ယူသွားတာ ခဏခဏပေါ့။
ရူးမိုက်တဲ့ငါ့အချစ်တွေကပဲ တရားလွန်တာလား… ချစ်သူ။
နာကျင်လျှက်နဲ့မစွန့်လွတ်နိုင်တဲ့ စွဲလမ်းမှုတစ်ခု
အတိတ်တွေက ငါ့ကိုလွမ်းမိုး
ငါ့ဆီက ပေးဆပ်မှုတွေကိုသာ မင်းတောင့်တခဲ့တာများလား။
ငါလိုချင်ခဲ့တာက မင်းဆီက အချစ်တွေပါ…. ချစ်သူရယ်။
တိုးတိုးတိတ်တိတ် တိုက်ခတ်နေတဲ့
ညနေခင်းလေပြည်လေးတွေထဲမှာ
မင်းရယ်သံတွေကို ငါကြားတယ်။
ရှုရှိုက်ခဲ့ဖူးတဲ့ ချစ်သူ့ရနံ ငါမမေ့သေးဘူး။
သစ်ရွက်ကြွေသံတစ်ချို့နဲ့အတူ
မင်းခြေသံတွေကိုလည်း ကြားယောင်နေမိဆဲပါပဲ။
တိတ်ဆိတ်ကြွေကွဲမှုတွေနဲ့ ရှင်သန်ခဲ့ရတဲ့ဘ၀မှာ
ဘာကိုမှ အယုံအကြည်မရှိချင်တော့ပေမယ့်
မင်းရဲ့ခေါ်သံတွေကို နားစွင့်နေမိဆဲ
ငါ့နှလုံးသားအိမ်ကလည်း မင်းအတွက် တံခါးတွေစေ့ထားဆဲပါပဲ။
မင်းကို မျှော်နေမိတုန်းပဲ…. ချစ်သူ
ဒါဟာ…… ရိုးသားစွာဝန်ခံခြင်းပါ။
Posted by ငယ်ဆူးအိမ် at 11:43 PM 0 comments
Labels: ကဗျာ
အနမ်းတစ်ပွင့်အတွက် လက်ဆောင်
Tuesday, September 23, 2008ကို……˝
တိုးတိုးဖွဖွခေါ်သံတစ်ခွန်း
နှုတ်ခမ်းနှစ်လွှာကိုလှုပ်ခတ်သွားစေတယ်
သူ…. ကြားနိုင်ပါ့မလား………။
ရှေ့ဆက်မတိုးရဲတဲ့အတွေးတွေက
နှစ်ချို့ဒါဏ်ရာတွေကိုဖုံးဖိ
စကားလုံးတွေလည်း အခမဲ့ဆွံ့အ
အကြိမ်ကြိမ် တွေဝေစေပြန်တယ်။
အိပ်မောကျခဲ့ဖူးတဲ့ အနမ်းတစ်ပွင့်
တမ်းတနေမိတုန်းပဲ…..
ရင်ခုန်စေသော ဒီအနမ်းရဲ့အရိပ်အောက်မှာ
အိမ်မက်တွေ ဆက်မက်ခွင့်ရချင်သေးတယ်…. ကို။
အိမ်မက်တွေကိုချိုစေသူရယ်
ငါ့ညတွေမှာ အလွမ်းတွေကကြီးစိုး
မျက်လုံးကိုမှိတ် တိတ်ဆိတ်ခြင်းကိုခံစား
အလွမ်းတေးတွေကို ငါ…. သီကုံးတတ်ခဲ့ပြီ။
သိပ်ချစ်တယ်ဆိုတဲ့ စကားလုံးတွေအပြင်
ချစ်သူကို သိပ်ချစ်တဲ့အကြောင်း
တစ်ကြိမ်တစ်ခါမက ငါ… သက်သေထူခဲ့တယ်
သေချာတာကတော့
နှလုံးသားတစ်စုံ ကို့….အတွက်ဖြစ်ခဲ့ပြီ။
Posted by ငယ်ဆူးအိမ် at 12:25 AM 0 comments
Labels: ကဗျာ