ချစ်တယ်
သိပ်ရိုးရှင်းတဲ့စကားလေးတစ်ခွန်း
ဒါပေမယ့် လေးနက်မှုတော့ရှိတယ်……။
ကိုယ် အကြိမ်ကြိမ် အသုံးပြုခဲ့ဖူးတယ်……. ကြိမ်ဖန်များစွာလည်း ကြားခဲ့ရဖူးတယ်။
လွမ်းတယ် …. အရမ်းလွမ်းတယ်
ခံစားတတ်တဲ့နှလုံးသားပိုင်ရှင်ရှိသူတိုင်း ပြောတတ်ကြတော့
ကိုယ်နဲ့သိပ်မစိမ်းတဲ့ စကားလေးတစ်ခွန်းပေါ့….။
ကိုယ်အကြိမ်ကြိမ် ခံစားမိခဲ့ဖူးတယ်….. ကြိမ်ဖန်များစွာလည်း ကြားခဲ့ရဖူးတယ်။
အချစ်နဲ့ကစားတဲ့ ကိုယ့်ရင်ဘတ်
အပျော်တွေနဲ့သာမက မျက်ရည်တွေနဲ့လည်း အဖော်ဖြစ်
တိတ်တဆိတ်ကြေကွဲမှုကို ၀ိုင်ချိုလိုရစ်မူး
ဒါဏ်ရာတွေကို အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ဖူးတယ်…..
ကြိမ်ဖန်များစွာလည်း လက်ဆင့်ကမ်းခဲ့ဖူးမယ်ထင်။
ရယူပိုင်ဆိုင်ခြင်းနဲ့ စွန့်လွှတ်အနစ်နာခံခြင်း
အစွန်းနှစ်ဖက်ကို ခြေချမိတဲ့ကိုယ်
အချစ်နဲ့အမုန်း အဓိပ္ပါယ်ကိုရှာဖွေရင်း
အကျဉ်းသားဖြစ်သွားတာက ကိုယ့်နှလုံးသား
ဒါ….. ကိုယ်ရသင့်ရထိုက်တဲ့ ရလဒ်များလားကွယ်။
အချစ်ရဲ့အကျဉ်းသား
Tuesday, March 18, 2008Posted by ငယ်ဆူးအိမ် at 10:21 PM 0 comments
Labels: ကဗျာ
သက်ဆုံးတိုင်အချစ်
Thursday, March 6, 2008
မင်းရဲ့အချစ်ကြောင့်
တစ်သက်မှာ တစ်ခါသာ
ရူးရူးမိုက်မိုက် ချစ်တတ်ခဲ့ဖူးသူမို့
ဘယ်လောက်ထိ ချစ်သလဲလို့မေးရင်
ဘယ်လိုစကားလုံးမျိုးက ကိုယ့်အချစ်ကိုဖော်နိုင်ပြနိုင်မှာလဲ..... ချစ်သူ
ဆယ်ကျော်သက် ပန်းရိုင်းလေးမို့
ချစ်သူအကြိုက်လိုက်လို့ ကပြနေခဲ့မိတာ…
ဒါပေမယ့် ….. ကိုယ် မသိလိုက်တာတစ်ခုက
မမြင်နိုင်တဲ့ကြိုးတွေကြားမှာ
ကိုယ်ဟာ အထပ်ထပ်ချည်နှောင်ခံထားရခြင်းပဲ…….။
မင်းနှုတ်ခမ်းက သိပ်နူးညံ့တဲ့စကားလုံးလေးတွေ
ကိုယ့်ကိုအကြိမ်ကြိမ်အခါခါ အလှဲထိုးနိုင်ခဲ့ပေမယ့်
မင်းဆီကသိလိုက်ရတဲ့ အမှန်တရားတွေကြောင့်
ကိုယ်ဟာ ရူးသွပ်မတတ်ခံစားရလည်း
ပြုစားခံထားရသူတစ်ယောက်လို
ကိုယ်ဟာ နာကျင်မှုတွေကြားမှာ ပျော်နေမိတုန်းပဲ……. ချစ်သူ
အချိန်လွန်မှ နောင်တတွေနဲ့ ဆုံးဖြတ်ချက်မချချင်ခဲ့သူမို့
နောင်တတွေနဲ့ ၀မ်းနည်းမျက်ရည်ကျမိပေမယ့်
ရုးမိုက်စွာနဲ့ မျက်စိမှိတ်ပြီး ဆက်ချစ်နေဦးမယ်……..။
စွန့်လွှတ်ဖို့ မစဉ်းစားရဲခဲ့သူတစ်ယောက်မို့လည်း
ဒါဏ်ရာတွေဆိုရင်တောင် ကိုယ်မြတ်နိုးနေဦးမယ်.....။
သိပ်ချစ်မိတဲ့ ဒီအချစ်တွေအတွက်
ကိုယ့်နှလုံးသားကို ကိုယ်ပြန်ပေးဆပ်ဖို့ရာ
မင်းနဲ့အတူ ဒီအချစ်တစ်ခုကို အဆုံးသတ်မှဖြစ်မယ်……।။
Posted by ငယ်ဆူးအိမ် at 3:47 PM 1 comments
Labels: ကဗျာ
Heartfelt Sympathy for Pha Htee
Monday, February 18, 2008Send this eCard !
-----------------
Brief biography of Padoh Mahn
Padoh Mahn Sha Lah Phan was born in
Padoh Mahn Sha married Nant Kyin Shwe in 1976. She passed away on 31st July 2004. He is survived by four children, two sons and two daughters; Saw Say Say, Nant Bwa Bwa Phan, Nant Zoya Phan, Slone Phan
Posted by ငယ်ဆူးအိမ် at 10:22 PM 0 comments
Labels: special day
Assassination of a most prominent and key leader of the Karen People
Dear Friends,
Nearing the end of this week was such dreadful news that strikes us numb – the assassination of a most prominent and key leader of the Karen people and the Burmese democracy movement. Padoh Mahn Shar (65-year-old) who had stood for democracy and justice for all was shot dead by two gunmen on February 14. He was loved and admired by the Karen people as well as others inside and outside of
At the start of the week we had also learned other horrible news about
Extension of U Tin Oo’s detention:
The NLD’s deputy leader U Tin Oo was arrested in May 2003 after the Depayin Massacre along with Daw Aung San Suu Kyi. He was first detained in Kalay Prison in
Crackdown continues:
Some activists and social workers from
French-based Reporters without Borders placed
Situation on political prisoners:
This also has not been improved and some political prisoners are denied medical treatment. Four nuns, who are in their 50s and 80s, and two monks in their 60s are not getting much needed medical treatment in jail. A prominent female member of 88’ Generation Students Group, Mie Mie, is suffering from heart disease and serious form of arthritis. We learned that the other women political prisoners, Ma Noe Noe, Ma Thet Thet Aung and Ma Honey Oo are also in ill health and need medical attention.
Maggin Abbot’s press conference blocked:
U Pannya Zawta, the abbot of Maggin Monastery which had been caring for people living with HIV and AIDS (PLHA) and was closed down by the authorities in
Referendum in May & Election in 2010?:
As we all know this week’s hot topic was the SPDC’s timetable for referendum in May this year and election in 2010. Some leaders of ASEAN,
Rampant impunity ~ sexual crime:
Rape and killing of 32 year old mother of 3 by a soldier from the Public Relations Battalion based in Myitkyina,
International support & effort:
Regime’s announcement viewed as “open defiance”
The UN Secretary-General called a meeting with “Group of Friends” on
International solidarity activities:
In Sydney, students and democracy activists will use the occasion of Rambo 4 opening night on 21st February 2008 (5 pm) as a day to remember the fallen monks and protestors of September uprising and to bring attention to real situation inside Burma. They will be handing out leaflets about
Foreign/diplomatic relations:
Indian arms fairs:
Posted by ငယ်ဆူးအိမ် at 10:04 PM 0 comments
Labels: News
Brief news on the SPDC's announcement regarding the referendum and election in 2010.
Dear Friends,
This is a special briefer on the SPDC’s announcement regarding the referendum and election in 2010. As people inside
SPDC’s Timetable:
The regime offers the timetable last weekend to hold referendum in May and the multi-party elections in 2010. However, this election could not possibly be considered free and fair unless basic democratic principles are in place and all political prisoners and human rights activists, including Daw Aung San Suu Kyi and ethnic leaders, are released.
USDA the organizer:
Worryingly the regime gives the task of organizing and even the forming of commissions in the local level for voting and election process to Union Solidarity and Development Association (USDA) in spite of its members’ involvement in the violent crackdown of peaceful protests in last August and September. This regime-backed organization is also given the responsibility to choose the candidates for competing in the 2010 elections.
Critics’ response:
SPDC’s timetable on referendum and election is responded as “too little, too late” by its critics who argued that long-delayed roadmap is designed to perpetuate military rule in
NLD response:
Spokesperson from NLD, U Nyan Win, criticizes that “the announcement (to hold a referendum and election) is vague, incomplete and strange” as the regime gives the timetable for election before knowing what the result of referendum would be.
Peoples’ response:
It is rather a mix feeling and hope that people respond to this announcement yet it has clearly shown that the people of
Women's voices inside and outside:
Women activists inside and outside of the country totally denounced the regime's latest step as "preparing to lie" to the people of
Phyu Phyu Thin, NLD member and care-giver to the people living with HIV and AIDS, said that this is the "act of dictatorship" as the regime attempts to destroy people's wish and hope. She believed that the people already showed their wish by voting for the NLD in 1990 May Elections.
Nilar Thein, a leader of 88' Generation Students Group, argued that it is "unacceptable" as the people of
Nang Charm Tong of Shan Women's Action Network (SWAN) said that "As we all know. People of
Responses from the UN and the international community:
The United Nations - issued a statement which said the regime's announcement as a "the first step towards the implementation of its political 'road map' process" but the Secretary-General Ban Ki-moon renews his call to the regime to make the constitution-making process inclusive, participatory and transparent in order to ensure that any draft constitution is broadly representative of the views of all the people of Burma.
ASEAN – Chief of ASEAN, Surin Pitsuwan, was optimistic on the regime’s announcement and has used the words the regime’s steps as “definite beginning” and “development in the right direction”. He said that the generals “should be given the benefit of the doubt if they are serious about moving the country toward democracy” although he understand the frustration of international community over generals’ intransigency.
The British Foreign Office – issued a statement and responded that “a genuine and inclusive process of national reconciliation” was necessary for a transition to democracy and call for the release of Daw Aung San Suu Kyi and all political prisoners. Foreign Office spokeswoman also said that the "political leaders in
The
Posted by ငယ်ဆူးအိမ် at 9:58 PM 0 comments
Labels: News
ချစ်သူများနေ့ အမှတ်တရ
Sunday, February 17, 2008ချစ်သူများနေ့က ကဗျာလွယ်အိတ်ကလေးမှာ ပြိုင်ပွဲမ၀င်လိုက်ရတဲ့ ငယ့်ရဲ့ကဗျာလေးကို ဒီမှာ ပြန်တင်ထားတာပါ.....။
- ကိုယ့်နာမည်
ငယ်ဆူးအိမ်
“ငယ်”သူမို့ ရင်ကို “ဆူး”စူးပေမယ့် ချစ်သူအတွက် ရင်ခွင်“အိမ်”တံခါး ဖွင့်ထားဆဲပါ။
- ချစ်သူအခေါ်အဝေါ်
ကဗျာမဆန်တဲ့ ကျမချစ်သူက သူ့ထက်အသက်ငယ်တဲ့ ကျမကို ရိုးရိုးလေးပဲ သူကခေါ်တယ် “ညီမလေး”တဲ့။
- ချစ်သူ့လက်ဆောင်
တစ် ဘ၀လုံးအတွက် ပုံအောပြီးချစ်ခဲ့တာ
နှစ် ယောက်မရှိပါဘူး ..... ချစ်သူ။
သုံး ပွင့်ဆိုင်တဲ့ ဒီအချစ်ဇာတ်လမ်း ကိုယ်တကယ်မသိခဲ့ပါဘူး.......။
လေး လေးနက်နက် တန်ဖိုးထားမြတ်နိုးမိတာ
ငါး ရာအပေါင်း တစ်ထောင် ထောင့်ငါးရာပြည့်တဲ့ ကိုယ့်အချစ်ကိုပဲ အပြစ်တင်ရမလား..........။
ခြောက် သွေ့လွန်းတဲ့ ကိုယ့်ဘ၀အတွက် မင်းက အရိပ်တစ်ခုဖြစ်ခဲ့တာလား .......။
ခွန် အားတွေခြောက်ကပ်သွားပေမယ့် ကိုယ့်မျှော်လင့်နေဆဲပါ.... ချစ်သူ။
ရှစ် နှစ်ကြာအောင် မချစ်ခဲ့ကြတာ မှန်ပေမယ့်
ကိုး စားယုံကြည်မိတဲ့ ဒီအချစ်တွေက
ဆယ် ကမ္ဘာတိုင်အောင် တည်တံ့နေဦးမှာပါ.... ချစ်သူ။
Posted by ငယ်ဆူးအိမ် at 1:02 PM 0 comments
Labels: ကဗျာ
ကျမရဲ့လက်ဆောင်
Wednesday, February 13, 2008ကျမချစ်သူကို ကျမအရမ်းချစ်တဲ့အကြောင်း စာဖွဲ့ပြီးတော့ရေးဖို့မလိုပေမယ့် ကျမရဲ့ခံစားချက်လေးတွေကို ဝေမျှချင်တယ်။ ချစ်သူများနေ့လို့ အများသတ်မှတ်ကြတဲ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ...... ချစ်သူတွေ အတွက် တကယ်ကို ရင်ခုန်စကားကောင်းပါတယ်။ ဘယ်တုန်းကမှ ဒီရက်ဟာ ရင်ခုန်စကားကောင်းတယ်လို့ ကျမ မထင်ခဲ့သလို ကျမနဲ့သက်ဆိုင်တယ်လို့လည်း မခံစားခဲ့ရဖူးပါဘူး။ ဒါပေမယ့် အခုတော့ ကျမရင်ထဲမှာ ကျမချစ်ရတဲ့သူရှိနေလေတော့ ဒီရက်ကို အမှတ်တမဲ့မဟုတ်ဘဲ အမှတ်တရလေးတွေနဲ့ ကျမကျော်ဖြတ်သွား ချင်တယ်။
နှစ်တွေ တစ်နှစ်ပြီးတစ်နှစ်၊ ဖေဖော်ဝါရီလတွေလည်း တစ်လပြီးတစ်လ၊ ရက်တွေလည်း တစ်ရက်ပြီးတစ်ရက် ပြောင်းလာခဲ့တာ အခုမှတော့မဟုတ်ပါဘူး။ ဘာမှမထူးခြားတဲ့ရက်တွေကို အမှတ်တမဲ့ကျော်ဖြတ်နေခဲ့မိတာ လည်း ဒီနေ့အထိပါပဲ။ ဖေဖော်ဝါရီ (၁၄) ချစ်သူများနေ့ဟာလည်း ကျမအတွက် ဘာမှမထူးခြားတဲ့ နေ့တစ်နေ့ လည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ တကယ်ကိုပဲ ကျမ ရင်ခုန်မိတယ်။ ဒီရက်လေးမှာ အမှတ်တရလေးဖြစ်စေချင်တဲ့ ကျမရဲ့ဆန္ဒကလည်း ကျမကို တော်တော်အတွေးရှုပ်စေပါတယ်။ ဘယ်တုန်း ကမှ ကျမအလေးအနက် မထားခဲ့ဖူးဘူးလေ........။
ချစ်သူကို ကျမမေးတယ်...... “ကို ..... ချစ်သူများနေ့ အမှတ်တရအနေနဲ့ ဘာလိုချင်လဲဟင်.....” .. အား.. တော်တော် တုံးတဲ့ကျမ။ ဘာဖြစ်လို့များ သွားပြောမိပါလိမ့်။ အမှန်မှန်ဆို ချစ်သူမသိအောင် တိတ်တိတ်လေး လျှို့ဝှက်စီစဉ်ပြီးမှ ချစ်သူပျော်သွားမယ့်မျက်နှာကို ရင်ခုန်စွာ အဲဒီနေ့ကို စောင့်မျှော်နေရမှာ...... သွားပါပြီ .... ကျမရဲ့ အစီအစဉ်တွေ သူရိပ်မိသွားလောက်ပါပြီ.... သူ ဒီရက်ကို မသိဘူး၊ ဒါမှမဟုတ် မေ့နေတယ်ဆိုရင် ဒါဟာ ကျမ သူ့ကိုသွားပြီးသတိပေးလိုက်သလိုပါပဲ။ ကျမရဲ့စိတ်ကို လှမ်းပြီးမြင်နိုင်တဲ့ ကျမရဲ့ချစ်သူ၊ ကျမရဲ့ စိတ်တွေကို ငိုအောင်... ရယ်အောင် အမိန့်ပေးနိုင်တဲ့သူ..... ဒီတစ်ကြိမ်လည်း ကျမကပဲ နူးနူးညံ့ညံ့လေး ရှုံးနိမ့်သွားပြန်တယ်....။ မဟုတ်ပါဘူး ကျမက အရှုံးပေးလိုက်တာပါ.........။
ချစ်သူက ကျမကို ပြန်ဖြေတယ် ...... “ ကိုယ်... တကယ်လိုချင်တာ ငယ်မသိဘူးလား....။ ကိုယ် ငယ့်ကို အကြီးကြီးချစ်တယ်..... အမြဲတမ်းပဲ ချစ်သွားချင်တယ်။ ကိုယ့်အနားမှာ နေပေးပါလား ငယ်.... ကိုယ့်ကို အမြဲ ချစ်ခွင့်ပေးပါလား... ငယ့်ကို အမြဲတမ်း ချစ်သွားချင်တယ်” တဲ့ ......။ အို...... ကျမရဲ့အသဲတွေ ခဏလေး အတွင်းမှာ အရည်ပျော်သွားခဲ့ပြီ ထင်တယ်။ ကျမ ဘာပြန်ပြောရမလဲ.... တခုခုတော့ ကျမပြန်ပြောသင့် တယ်...“ငယ်က အရမ်းစကားတတ်တာပဲ”လို့ သူအမြဲပြောတတ်တယ်... ဒါပေမယ့် ဒီတစ်ခါတော့ သူ့ရဲ့ ထင်မြင်ချက်က မှားသွားပြီပေါ့။
ကျမ လုံးဝကိုမမျှော်လင့်ခဲ့မိပါဘူး....။ သူ့ဆီမှာ ဒီလောက်ညှင်သာတဲ့ စကားလုံးတွေရှိနေလိမ့်မယ်လို့ ကျမ မထင်ခဲ့ဘူး....။ သူ့ဆီမှာ ဒီလိုညှင်သာတဲ့ စကားလုံးတွေ အတွေးတွေထဲမှာတောင် ရှိရော.... ရှိပါ့မလားလို့ ကျမ အကြိမ်ကြိမ် သံသယ၀င်ခဲ့မိတာ......။ ဒါ့ကြောင့်ပဲ ထင်ပါတယ်။ သူ ကျမကို အကြိမ်ကြိမ် ၀မ်းနည်းစွာ... ဒါမှမဟုတ် နားမလည်စွာ ပြောတတ်တယ်......။ “ကိုယ်ချစ်တာ ငယ်သိအောင် ကိုယ်ဘယ်လိုလုပ်ပြမှ ယုံမှာလဲ .... ကိုယ်ချစ်တာ ငယ် မခံစားမိဘူးလား”တဲ့။ တကယ်ပါပဲ..... ဒါဟာ ကျမရဲ့ညံ့ဖျင်းမှုလား ..... မဖြစ်နိုင်ပါဘူး.... ချစ်သူ ချစ်ဖို့ ကျမအမြဲမျှော်လင့်နေခဲ့မိတာ.....ဒါဟာ ..... အမှန်တွေပါပဲ။
ကျမရင်ထဲမှာ မြစ်တစ်စင်း စီးစင်းသွားတယ်.... ပြီးတော့ ရေစီးသံတွေနဲ့အတူ သံစဉ်တစ်ပုဒ် ထွက်ပေါ်လာ တယ်။ အချစ်သီချင်းတစ်ပုဒ်.... ကျမရင်ထဲက သီချင်းတစ်ပုဒ်.... ချစ်သူအတွက် ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာတဲ့ ရင်ခုန်သံ။
“ ကိုရယ်... ငယ်ကတိပေးပါတယ်.... ကို့ကိုပဲ ငယ်ချစ်တာ.... ကို့အနားမှာ ငယ်အမြဲတမ်း ရှိနေပေးမှာပေါ့။ ”
ကျမရဲ့ရင်ဘတ်ထဲက နှလုံးသားတစ်စုံ ချစ်သူကိုအပိုင်ပေးလိုက်တာ ချစ်သူများနေ့အတွက် ချစ်သူကိုပေးတဲ့ ကျမရဲ့လက်ဆောင်ပါ......။ ♥♥♥♥
ချစ်တတ်သူတိုင်း ချစ်သူများနေ့မှာ ပျော်ရွှင်နိုင်ကြပါစေ.....
Posted by ငယ်ဆူးအိမ် at 11:06 AM 0 comments
Labels: အမှတ်တရစကား
ကမ္ဘာတစ်ခု
အချစ်တွေသာ ပန်းတွေဖြစ်ရင်
မင်းအတွက် ငါ့ရင်ဘတ်ထဲမှာ
အဖြူရောင် ပန်းဥယျာဉ်ကြီးရှိတယ်......။
ရင်ခုန်သံတွေသာ သီချင်းဖြစ်ရင်
မင်းအတွက် ငါ့ရင်ထဲမှာ
နူးညံ့တဲ့ ဂီတသံစဉ်တစ်ပုဒ်ရှိတယ်........။
စိတ်ကူးတွေကို ခံစားထိတွေ့နိုင်မယ်ဆိုရင်
မင်းအတွက် ငါ့ရင်ထဲမှာ
အေးချမ်းတဲ့ ဗိမာန်တစ်ခုလည်းရှိတယ် .........။
တမ်းတတဲ့စိတ်တွေသာ မြူခိုးတွေဖြစ်ရင်
မင်းအတွက် ငါ့ရင်ထဲမှာ
ရွေ့လျားနေတဲ့ တိမ်တိုက်တွေလည်းရှိတယ်.......။
မျက်ရည်တွေကို သိုဝှက်ထားရမယ်ဆိုရင်
မင်းအတွက် ငါ့ရင်ထဲမှာ
နက်ရှိုင်းတဲ့ သမုဒ္ဒရာကြီးရှိတယ်........။
ဒေါသတွေကို အမြဲချုပ်ထိန်းထားတဲ့
ငါ့ရင်ထဲမှာလည်း မင်းအတွက်
အရှိန်ပြင်းတဲ့ လေမုန်တိုင်းလည်းရှိတယ်......။
အချစ်ဆိုတဲ့ ခံစားချက်
ပိုင်ဆိုင်ခွင့်ရလိုက်တဲ့ အခိုက်အတန့်လေး
ကိုယ့်ရဲ့နှလုံးသားထဲမှာ
ကမ္ဘာလေးတစ်ခု ဖြစ်တည်လို့သွားတယ်...... ချစ်သူ။
ရင်ဘတ်ထဲက ခံစားချက်တွေကိုသာ
တည်ဆောက်ခွင့်ရမယ်ဆိုရင်
သေချာပါတယ် ...... ကိုယ့်မှာ ကမ္ဘာတစ်ခုရှိတယ်......။
Posted by ငယ်ဆူးအိမ် at 11:03 AM 0 comments
Labels: ကဗျာ
မင်းကိုအလိုရှိတယ်
ဆွံ့အနေတဲ့ ငါ့ရဲ့အာရုံတွေ
ပြန်လည်နိုးကြားနိုင်ဖို့
မင်းရဲ့ခေါ်သံကို အလိုရှိတယ်.......။
ငြိမ်သက်သွားတဲ့ ငါ့ရဲ့နှလုံးသား
ပြန်လည်ရှင်သန်လာဖို့
မင်းရဲ့အချစ်တွေကို အလိုရှိတယ်.....။
ကြေကွဲနေတဲ့ ငါ့ရဲ့စာမျက်နှာတွေ
လှပတဲ့အနာဂါတ်သစ်ကို ဖန်တီးနိုင်ဖို့
မင်းရဲ့လက်တွေ အလိုရှိတယ်....။
တကယ်တော့ မျက်ကန်းသမား
ဘယ်အချိန်ကျမှ
အချစ်ကိုကိုးကွယ်တတ်တဲ့
နှလုံးသားတစ်စုံ
စွန့်လွှတ်နိုင်မှာလဲ........။
တခါတလေ အသားကိုလေလာထိတာတောင်မခံနိုင်လို့
မျက်ရည်တောင်ကျတယ်.... ချစ်သူ
ဘယ်အချိန်ကျမှ
မျက်ရည်တွေမကြွေတတ်တဲ့
မျက်ဝန်းတစ်စုံ
ပိုင်ဆိုင်နိုင်ခွင့်ရှိမှာလဲ .......။
Posted by ငယ်ဆူးအိမ် at 10:59 AM 0 comments
Labels: ကဗျာ
ပကတိအလှ
တိုက်တွေကို မမြင်ချင်ဘူး
တောင်တွေကိုပဲမြင်ချင်တယ်............
လူတွေကို မမြင်ချင်ဘူး
သစ်ပင်တွေကိုပဲ မြင်ချင်တယ်................
ဖန်တီးထားတဲ့ ရေအိုင်အတုတွေကို မမြင်ချင်ဘူး
အဆုံးအစမရှိတဲ့ ပင်လယ်ပြင်ကျယ်ကိုပဲ မြင်ချင်တယ် .........
ရေနံဆီ၊ ဓါတ်ဆီနံ့တွေကို မရူချင်ဘူး
လေညင်းဖြူးဖြူးတိုက်ခတ်နေတာကိုသာ ခံစားကြည့်ချင်တယ်............
ကတ္တရာမဲမဲမာမာတွေပေါ် ခြေမချချင်ဘူး
စိမ်းစိုနေတဲ့မြက်ခင်းပြင်ပေါ်သာ ခြေဖွဖွနင်းလို့လမ်းလျှောက်ချင်တယ်........
ရောင်စုံမီးတွေရဲ့ ညအလှကို မမက်မောဘူး
ကောင်းကင်ပေါ်က မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးတွေကိုသာ နှစ်သက်တယ်..........
လေအေးပေးစက် အဲယားကွန်း၊ ပန်ကန် မလိုချင်ဘူး
သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်တွေကိုသာ မက်မောတယ် ...........
ကမ္ဘာကြီးက ပူသထက် ပူလာပြီ....
သင်ရော ..... သဘာဝကို မချစ်ဘူးလား........?
ဒီနေရာရဲ့ ဟိုး......... အဝေး
သီးသန့်ကမ္ဘာလေးတစ်ခုမှာ
မြက်ခင်းပြင်ပေါ်လှဲလျောင်းလို့
နေ၀င်နေထွက် အလှကိုလေးကာ
အတိတ်မရှိ...... ပစ္စုပ္ပန်မရှိ
ဘ၀သစ်ထဲ စီးဆင်းသွားချင်တယ်........
Posted by ငယ်ဆူးအိမ် at 10:53 AM 0 comments
Labels: ကဗျာ




