ချစ်သူများနေ့ အမှတ်တရ

Sunday, February 17, 2008


ချစ်သူများနေ့က ကဗျာလွယ်အိတ်ကလေးမှာ ပြိုင်ပွဲမ၀င်လိုက်ရတဲ့ ငယ့်ရဲ့ကဗျာလေးကို ဒီမှာ ပြန်တင်ထားတာပါ.....။

  1. ကိုယ့်နာမည်

ငယ်ဆူးအိမ်

“ငယ်”သူမို့ ရင်ကို “ဆူး”စူးပေမယ့် ချစ်သူအတွက် ရင်ခွင်“အိမ်”တံခါး ဖွင့်ထားဆဲပါ။


  1. ချစ်သူအခေါ်အဝေါ်

ကဗျာမဆန်တဲ့ ကျမချစ်သူက သူ့ထက်အသက်ငယ်တဲ့ ကျမကို ရိုးရိုးလေးပဲ သူကခေါ်တယ် “ညီမလေး”တဲ့။


  1. ချစ်သူ့လက်ဆောင်


တစ် ဘ၀လုံးအတွက် ပုံအောပြီးချစ်ခဲ့တာ

နှစ် ယောက်မရှိပါဘူး ..... ချစ်သူ။

သုံး ပွင့်ဆိုင်တဲ့ ဒီအချစ်ဇာတ်လမ်း ကိုယ်တကယ်မသိခဲ့ပါဘူး.......။

လေး လေးနက်နက် တန်ဖိုးထားမြတ်နိုးမိတာ

ငါး ရာအပေါင်း တစ်ထောင် ထောင့်ငါးရာပြည့်တဲ့ ကိုယ့်အချစ်ကိုပဲ အပြစ်တင်ရမလား..........။

ခြောက် သွေ့လွန်းတဲ့ ကိုယ့်ဘ၀အတွက် မင်းက အရိပ်တစ်ခုဖြစ်ခဲ့တာလား .......။

ခွန် အားတွေခြောက်ကပ်သွားပေမယ့် ကိုယ့်မျှော်လင့်နေဆဲပါ.... ချစ်သူ။

ရှစ် နှစ်ကြာအောင် မချစ်ခဲ့ကြတာ မှန်ပေမယ့်

ကိုး စားယုံကြည်မိတဲ့ ဒီအချစ်တွေက

ဆယ် ကမ္ဘာတိုင်အောင် တည်တံ့နေဦးမှာပါ.... ချစ်သူ။

0 comments: