မင်းကိုအလိုရှိတယ်

Wednesday, February 13, 2008


ဆွံ့အနေတဲ့ ငါ့ရဲ့အာရုံတွေ

ပြန်လည်နိုးကြားနိုင်ဖို့

မင်းရဲ့ခေါ်သံကို အလိုရှိတယ်.......။


ငြိမ်သက်သွားတဲ့ ငါ့ရဲ့နှလုံးသား

ပြန်လည်ရှင်သန်လာဖို့

မင်းရဲ့အချစ်တွေကို အလိုရှိတယ်.....။


ကြေကွဲနေတဲ့ ငါ့ရဲ့စာမျက်နှာတွေ

လှပတဲ့အနာဂါတ်သစ်ကို ဖန်တီးနိုင်ဖို့

မင်းရဲ့လက်တွေ အလိုရှိတယ်....။


တကယ်တော့ မျက်ကန်းသမား

ဘယ်အချိန်ကျမှ

အချစ်ကိုကိုးကွယ်တတ်တဲ့

နှလုံးသားတစ်စုံ

စွန့်လွှတ်နိုင်မှာလဲ........။


တခါတလေ အသားကိုလေလာထိတာတောင်မခံနိုင်လို့

မျက်ရည်တောင်ကျတယ်.... ချစ်သူ

ဘယ်အချိန်ကျမှ

မျက်ရည်တွေမကြွေတတ်တဲ့

မျက်ဝန်းတစ်စုံ

ပိုင်ဆိုင်နိုင်ခွင့်ရှိမှာလဲ .......။


0 comments: