နားခိုရာမဲ့ နှလုံးအိမ်

Tuesday, April 7, 2009


ခံစားချက်တွေအလယ်
သေချာမှုတွေလမ်းပျောက်
ဒီအတွေးတွေကြားထဲမှာ
နှလုံးသားလေးမွန်းကြပ်နေတယ်။

အပြာရောင်တိမ်တစ
အဖြူရောင်ကြိုးတစ်ချောင်းနဲ့
အထီးကျန်စွန်ကလေးလို
နှလုံးအိမ်လေး ရွက်လွင့်နေတယ်။

ငါ သိပ်မြတ်နိုးခဲ့တဲ့
စကားတစ်ခွန်းနဲ့ အနမ်းတစ်ပွင့်
ဒါဏ်ရာတွေကို တယုတယပွတ်သပ်လို့
ယုံကြည်မှုတွေရဲ့ မပီမသငြီးငြူသံ ကြားလိုက်မိတယ်။

အမြစ်တွယ်နေတဲ့ ချစ်ခြင်းတွေကို
ငါ ဘယ်လိုအမိန့်ပေးရမလဲ….။
မျက်ရည်တွေရဲ့သစ္စရှိမှုကိုရော
ငါ ဘယ်လိုဖျောက်ဖျက်ရက်မှာလဲ…..။
တကယ်တော့လေ
မင်းဟာ သူတို့ရဲ့အရှင်သခင်ပါ။

1 comments:

မန်းကိုကို said...

ကဗျာတွေ ဖတ်ရတာ အလွမ်းမင်းသမီးလေး တစ်ယောက်တော့ လာတွေ့နေပြီလို့ ထင်မိတယ်။
အင်းလေ .. အချိန်ရှိလို့ လွမ်းနေနိုင်တဲ့အရွယ်မှာ လုပ်ထားကြပါ။ အသက်ကြီးလာတော့လည်း အမှတ်တရပေါ့နော။ (အတည်ပြောတာပါ။)