အချိန်တွေ ရင့်ကျက်လာတယ်

Saturday, August 9, 2008


ရှိုက်သံတွေပျံ့လွင့်

မျက်ရည်မိုးတွေရွာသွန်း

သွေးစည်းချောင်းတွေ မရပ်တံ့သေးဘူး။


ဒို့အရေး…. ဒို့အရေး ရင်ကွဲသံတွေဆူညံ

ကမ္ဘာကိုတောင် တုန်လှုပ်စေတယ်

၈၈ရဲ့ဝိဉာဉ်တွေ မကျွတ်သေးဘူး။


နှစ်(၂၀)တိုင်ခဲ့ပြီ

အချိန်တွေရင့်ကျက်လာတယ်

အသက်တွေလည်း ကြီးလာတယ်

ကံဆိုးချင်တော့

အတွေးတွေက ကြီးစိုးလို့ကောင်းနေတုန်း။


နှာခေါင်းပိတ်နားပိတ်

အိပ်နေသူများအိပ်ပျော်နေကြ

အဆော့မက်သူများ

ရန်ဖြစ်တမ်းကစားလို့ကောင်းနေတုန်း


ရုတ်တရက်

မေးခွန်းတစ်ခုထွက်လာ

“၈၈” ရဲ့စိတ်ဓါတ်ကဘာလဲ

ကဲ…. သင်ကော ဘယ်လိုထင်သလဲ ဖြေကြည့်ပါ။



0 comments: